Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးတွင် စစ်အုပ်စုရှိရာနေရာများကို ပစ်ခတ်တိုက်ခိုက်

စစ်အုပ်စုဘက်က အဆက်မပြတ် ရမ်းသမ်းပစ်ခဲ့သည့်အပြင် ရေဦးမြို့ အထိုင်ချတပ်သားများကလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ် ပေးခဲ့သည်ဟု သိရသည်။

(အသုံးပြုခဲ့သော လက်နက်ကြီးများအား တွေ့ရစဥ်၊ ဓာတ်ပုံ-KSO)
(အသုံးပြုခဲ့သော လက်နက်ကြီးများအား တွေ့ရစဥ်၊ ဓာတ်ပုံ-KSO)

▪️ထွက်ပြေးသည့်စစ်အုပ်စုကိုပါ ထပ်မံတိုက်ခိုက်ခဲ့ပြီး အထိအခိုက်ရှိဟုဆို

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စုတပ်စွဲရာ နေရာနှစ်ခုကို လက်လုပ် နှစ်ဆင့်ကွဲများဖြင့် တိုက်ခိုက်ခဲ့ပြီး ထွက်ပြေးသည့်စစ်အုပ်စုကိုပါ ထပ်မံတိုက်ခိုက်ခဲ့ကြောင်းKhin U Specia l Force Organization KSO အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာလ ၃ ရက်) ည ၈ နာရီခွဲခန့်က ခင်ဦးမြို့နယ်ရှိ စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများ အခြေချထားသော ရွာသစ်ကုန်းကျေးရွာနှင့်အင်းပတ်ကွေ့ရှိ စစ်အုပ်စုအထိုင်ချထားသော ကတုတ်ကျင်း၊ ဘန်ကာများရှိသည့်နေရာများသို့ လက်လုပ် နှစ်ဆင့်ကွဲများဖြင့် ၇ချက် ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း KSOအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့ ပစ်သွင်းတိုက်ခိုက်မှုကြောင့် စစ်အုပ်စုကအထိနာ၍ ထွက်ပြေးရန်ကြိုးစားခဲ့ရာ မိုင်းကွင်းအတွင်း ရောက်ရှိလာသောကြောင့် ထပ်မံဖောက် ခွဲတိုက်ခိုက်ခဲ့ရာ နေရာတင် ငါးဦးထက်မနည်း သေဆုံးသွားကြောင်း KSO အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

စစ်အုပ်စုဘက်က အဆက်မပြတ် ရမ်းသမ်းပစ်ခဲ့သည့်အပြင် ရေဦးမြို့ အထိုင်ချတပ်သားများကလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ် ပေးခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

ည ၈ နာရီ ၄၀မိနစ်ခန့်တွင် အဆက်မပြတ်ပစ်ခတ်နေသော စစ်အုပ်စုနှင့် မဟာမိတ် ညီနောင် တပ် ဖွဲ့များမှ ရဲဘော်များ အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း၊ မိနစ် ၂၀ခန့်ပစ်ခတ်ခဲ့ကြပြီး စစ်အုပ်စုဘက်ကအထိနာခဲ့ကာ ရဲဘော်များအားလုံး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊အပြန်အလှန်ပစ်ခတ်မှုတွင် စစ်တပ်နှင့်ပျူ ၃ ဦး နေရာမှာတင်သေဆုံးခဲ့ကြောင်း KSO အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ပစ်တဲ့အခါမှာ သူတို့ရှိတဲ့နေရာတွေ ကျတာဖြစ်သည့်အတွက် သူတို့တပ်စွဲတဲ့ရွာထဲကနေ ထွက် ပြေးဖို့ကြိုးစားတာ။ ကျွန်တော်တို့ကလည်း မိုင်းပွိုင့်ဆင်ထားတယ်။ ကျွန်တော်တို့ဆင်ထားတဲ့ မိုင်းပွိုင့်ကွင်းထဲကို သူတို့ရောက်လာတာ။ ဆွဲလိုက်တဲ့အခါမှာ မျက်မြင် ငါးဦးမကဘူး။ လဲကျသွားပြီး ပြန်မထနိုင်တော့ဘူး။”ဟု KSO အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မြို့နယ်(ပကဖ)နှင့် KSOတပ်ဖွဲ့ ဦးဆောင်၍ KSOတပ်ခွဲ-၁၊ ဒေါင်းစစ်သည် LDF-KU၊Khin U Dog Killers-KDK/Future Heros-KU၊ ဗိုလ်လင်းယုန်-Local ပြောက်ကျားတပ်ဖွဲ့-KU၊ စွန်ရဲနီLDF-KU၊ သူရိန်လျှပ်စီးမိုးကြိုး-LDF-KUတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

အဆိုပါ ရွာသစ်ကုန်းနှင့် အင်းပတ်ကွေ့များရှိ စစ်ကောင်စီတပ်နှင့် ပျူများအား အောက်တိုဘာ ၂၈ရက်ကလည်း တစ်ကြိမ်တိုက်ခိုက်ခဲ့ကြသေးသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

မတ်လ ၁၄ ရက်ကလည်း BWM နှင့် MKCDF အဖွဲ့တို့ပူးပေါင်း၍ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သည်။

သတင်း

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။