Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် စစ်အုပ်စုရှိရာနေရာများကို ပစ်ခတ်တိုက်ခိုက်

စစ်အုပ်စုဘက်က အဆက်မပြတ် ရမ်းသမ်းပစ်ခဲ့သည့်အပြင် ရေဦးမြို့ အထိုင်ချတပ်သားများကလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ် ပေးခဲ့သည်ဟု သိရသည်။

(အသုံးပြုခဲ့သော လက်နက်ကြီးများအား တွေ့ရစဥ်၊ ဓာတ်ပုံ-KSO)
(အသုံးပြုခဲ့သော လက်နက်ကြီးများအား တွေ့ရစဥ်၊ ဓာတ်ပုံ-KSO)

▪️ထွက်ပြေးသည့်စစ်အုပ်စုကိုပါ ထပ်မံတိုက်ခိုက်ခဲ့ပြီး အထိအခိုက်ရှိဟုဆို

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စုတပ်စွဲရာ နေရာနှစ်ခုကို လက်လုပ် နှစ်ဆင့်ကွဲများဖြင့် တိုက်ခိုက်ခဲ့ပြီး ထွက်ပြေးသည့်စစ်အုပ်စုကိုပါ ထပ်မံတိုက်ခိုက်ခဲ့ကြောင်းKhin U Specia l Force Organization KSO အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာလ ၃ ရက်) ည ၈ နာရီခွဲခန့်က ခင်ဦးမြို့နယ်ရှိ စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများ အခြေချထားသော ရွာသစ်ကုန်းကျေးရွာနှင့်အင်းပတ်ကွေ့ရှိ စစ်အုပ်စုအထိုင်ချထားသော ကတုတ်ကျင်း၊ ဘန်ကာများရှိသည့်နေရာများသို့ လက်လုပ် နှစ်ဆင့်ကွဲများဖြင့် ၇ချက် ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း KSOအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့ ပစ်သွင်းတိုက်ခိုက်မှုကြောင့် စစ်အုပ်စုကအထိနာ၍ ထွက်ပြေးရန်ကြိုးစားခဲ့ရာ မိုင်းကွင်းအတွင်း ရောက်ရှိလာသောကြောင့် ထပ်မံဖောက် ခွဲတိုက်ခိုက်ခဲ့ရာ နေရာတင် ငါးဦးထက်မနည်း သေဆုံးသွားကြောင်း KSO အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

စစ်အုပ်စုဘက်က အဆက်မပြတ် ရမ်းသမ်းပစ်ခဲ့သည့်အပြင် ရေဦးမြို့ အထိုင်ချတပ်သားများကလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ် ပေးခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

ည ၈ နာရီ ၄၀မိနစ်ခန့်တွင် အဆက်မပြတ်ပစ်ခတ်နေသော စစ်အုပ်စုနှင့် မဟာမိတ် ညီနောင် တပ် ဖွဲ့များမှ ရဲဘော်များ အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း၊ မိနစ် ၂၀ခန့်ပစ်ခတ်ခဲ့ကြပြီး စစ်အုပ်စုဘက်ကအထိနာခဲ့ကာ ရဲဘော်များအားလုံး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊အပြန်အလှန်ပစ်ခတ်မှုတွင် စစ်တပ်နှင့်ပျူ ၃ ဦး နေရာမှာတင်သေဆုံးခဲ့ကြောင်း KSO အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ပစ်တဲ့အခါမှာ သူတို့ရှိတဲ့နေရာတွေ ကျတာဖြစ်သည့်အတွက် သူတို့တပ်စွဲတဲ့ရွာထဲကနေ ထွက် ပြေးဖို့ကြိုးစားတာ။ ကျွန်တော်တို့ကလည်း မိုင်းပွိုင့်ဆင်ထားတယ်။ ကျွန်တော်တို့ဆင်ထားတဲ့ မိုင်းပွိုင့်ကွင်းထဲကို သူတို့ရောက်လာတာ။ ဆွဲလိုက်တဲ့အခါမှာ မျက်မြင် ငါးဦးမကဘူး။ လဲကျသွားပြီး ပြန်မထနိုင်တော့ဘူး။”ဟု KSO အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မြို့နယ်(ပကဖ)နှင့် KSOတပ်ဖွဲ့ ဦးဆောင်၍ KSOတပ်ခွဲ-၁၊ ဒေါင်းစစ်သည် LDF-KU၊Khin U Dog Killers-KDK/Future Heros-KU၊ ဗိုလ်လင်းယုန်-Local ပြောက်ကျားတပ်ဖွဲ့-KU၊ စွန်ရဲနီLDF-KU၊ သူရိန်လျှပ်စီးမိုးကြိုး-LDF-KUတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

အဆိုပါ ရွာသစ်ကုန်းနှင့် အင်းပတ်ကွေ့များရှိ စစ်ကောင်စီတပ်နှင့် ပျူများအား အောက်တိုဘာ ၂၈ရက်ကလည်း တစ်ကြိမ်တိုက်ခိုက်ခဲ့ကြသေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook