Connect with us

Hi, what are you looking for?

News

ဘုန်းကြီးကျောင်းအချို့ရှိဆန်အိတ်များကို စစ်ကောင်စီတပ်က ရေနံလောင်းဖျက်ဆီး

စစ်ကောင်စီတပ်သည် ဩဂုတ်လကုန်ကတည်းက ပေါက်မြို့နယ် တောင်ပိုင်းသို့ နယ်မြေရှင်းလင်းရေး အကြောင်း ပြပြီး ဒေသခံပြည်သူများကို ဖိနှိပ်လျက်ရှိသည်။

မကွေးတိုင်း ပေါက်မြို့နယ်ရှိ ဘုန်းကြီးကျောင်းအချို့၌ အများပြည်သူလှူဒါန်းထားသည့် ဆန်နှင့် ပစ္စည်းများ၊ ပြည်သူလူထု၏ ဆိုင်ကယ်များကို စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့ကြောင်းဒေသခံများက ပြောသည်။

ပေါက်မြို့နယ်တောင်ပိုင်း ဝန်ခြုံးရွာ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်ပါးစေ ပျူစောထီးအဖွဲ့တို့ တပ်စွဲခဲ့ရာ သိမ်ကျောင်းထဲရှိ အများပြည်သူ လှူဒါန်းထားသည့် ဆန်များကို ရေနံလောင်း၍ ဖျက်ဆီးခဲ့သည့်အပြင် ကျောင်းပေါ်ရှိ ပ္စည်းများလည်း မွှေနှောက်ခဲ့ကြောင်း ပေါက်မြို့နယ်ဟစ်တိုင်က ယနေ့ညပိုင်း၌ ဖော်ပြခဲ့သည်။ထို့အပြင် ဆိုင်ကယ် ၁၃စီးကိုလည်း စစ်ကောင်စီတပ်က စုပုံပြီးမီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

“ဝန်ခြုံးမှာလည်းဖြစ်တယ်။အရင်ဖြစ်တာက ကင်းမ ဖုန်းကြီးကျောင်းမှာ။ ဝန်ခြုံးမှာက ရွာထဲမှာရှိတဲ့ ဆိုင်ကယ်တွေအကုန်လုံး စုပုံပြီး မီးရှို့ခံရတာလည်းရှိတယ်။တော်တော်ဆိုးတယ် ဆိုးတာက။ ရောက်တဲ့နေရာမှာ သူတို့က တော်တော်လေးကို ရမ်းကားတဲ့အဆင့်ဖြစ်နေတာ။ ပြောစရာတော့ ကုန်နေပါပြီ” ဟု ဒေသခံတစ်ဦးက ပြော သည်။

စစ်ကောင်စီတပ်သည် ဩဂုတ်လကုန်ကတည်းက ပေါက်မြို့နယ် တောင်ပိုင်းသို့ နယ်မြေရှင်းလင်းရေး အကြောင်း ပြပြီး ဒေသခံပြည်သူများကို ဖိနှိပ်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ ဒေသခံများ၏ ပစ္စည်းများကို ယူဆောင်ခြင်း၊ နေအိမ်များကို ဖျက်ဆီးခြင်းများလည်း စစ်ကောင်စီတပ်က လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်မှာ စစ်ဘေးရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ် ဝင်စီးပြီး အသက်(၈၀)ကျေ ာ်အဘွားအို ၁ဦးကိုသတ်ဖြတ်ကာ ဖုန်းတွေသိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။