Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် မြန်မာ့စီးပွား​ရေးဘဏ်​ရှေ့တွင်မိုင်း​​ပေါက်ကွဲရဲသုံးဦးဒဏ်ရာရ

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ မြန်မာစီးပွားရေးဘဏ်ရှေ့တွင် ယနေ့(နိုဝင်ဘာ ၄ရက်) နေ့လယ်က မိုင်းတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ဖားကန့်မြို့
ဖားကန့်မြို့

ဖားကန့်မြို့ မြန်မာစီးပွားရေးဘဏ်ရှေ့တွင် မိုင်းပေါက်ကွဲပြီးရဲတပ်ဖွဲ့ဝင်သုံးဦးထိမှန်သွားကြောင်းဒေသခံများကပြောသည်။

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ မြန်မာစီးပွားရေးဘဏ်ရှေ့တွင် ယနေ့(နိုဝင်ဘာ ၄ရက်) နေ့လယ်က မိုင်းတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“ရဲသုံးကောင်မိုင်းထိသွားတယ်။နေ့လယ်နှစ်နာရီလောက်က ပေါက်ကွဲတာ”ဟုဒေသခံတစ်ဦးကပြောသည်။

မိုင်းပေါက်ကွဲပြီးနောက်စစ်ကောင်စီတပ်ကသေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟုဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်အာဏာရှင်တော်လှန်ရေးအားကောင်းသည့်ဖားကန့်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို မကြာခဏ တိုက်ခိုက်​လေ့ရှိသည်။ ပြီးခဲ့သည့်စက်တင်ဘာလကနှစ်ကြိမ်၊ သြဂုတ်လကတစ်ကြိမ်တိုက်ခိုက်ခံခဲ့ရပြီး ရဲသုံးဦးထက်မနည်းသေဆုံးခဲ့သည်။ ထို့အပြင်ရဲခုနှစ်ဦးထက်မနည်းကိုလည်း ​တော်လှန်​ရေးအဖွဲ့များကဖမ်းဆီးခဲ့သည်။

ယနေ့ညဦးပိုင်းတွင်ဖားကန့််မြို့နယ်နေရာအများစု၌သေနတ်သံများဆက်တိုက်ကြား​နေရ​ကြောင်း​ဒေသခံများက​ပြောသည်။ စစ်ကောင်စီတပ်​၏ကင်းစခန်းအချို့ တိုက်ခိုက်ခံရဖွယ်ရှိကြောင်း ဒေသခံအချို့ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့အဝင်တောင်လေးလုံးရွာမှာမနေ့ (ဇူလိုင်လ ၂၀ ရက်)ညနက်ပိုင်းကပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာ သိမ်းစစ်တပ်ကမြို့အဝင်အထွက်နဲ့ ညောင်ရွှေမြို့မှာပါအစစ်အဆေးကြမ်းနေတယ်လို့ ဒေသခံအချို့ရဲ့ပြောကြားချက်အရ သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်ကောင်းတပ်ရွာ ပေါက်ကွဲမှုမှာ ပြည်သူသေဆုံးထိခိုက်၊ နေအိမ်ပျက်စီးမှု အများအပြားရှိကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ခဲ့ပြီး ပေါက်ကွဲရတဲ့ အကြောင်းအရင်းဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲခဲ့တာလို့ ​ဖော်ပြပါတယ်။