Connect with us

Hi, what are you looking for?

News

အာဆီယံအထူးကိုယ်စားလှယ် မြန်မာပြည်လာခွင့်ရရေးကြိုးစားနေဆဲလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော

“အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံက လက်ရှိအာဏာ ပိုင်တွေနဲ့ဆက်သွယ်ပြီး အမြန်ဆုံးသွားရောက်နိုင်ဖို့ အပြင်းအထန်ကြိုးစားနေတယ်လို့ ကျွန်တော်နားလည်ပါတယ်” လို့ Saifuddin က ဒီနေ့ပြုလုပ်တဲ့သတင်း စာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

(မ​လေးရှားနိုင်ငံခြား​ရေးဝန်ကြီးအား ​တွေ့ရစဥ်၊ဓာတ်ပုံ - Bernama)

အာဆီယံရဲ့အထူးကိုယ်စားလှယ် Erywan Yusof ဟာ မြန်မာပြည်ကိုလာရောက်ဖို့ ရက်ရရှိရေး ကြိုးစားနေဆဲဖြစ် တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Saifuddin Abdullah က ပြောပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒုတိယအကြိမ်တာဝန်ထမ်းဆောင်တဲ့ Saifuddinဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အာဆီယံအထူးကိုယ်စားလှယ်နဲ့ဆက်သွယ်ပြောဆိုခဲ့ပြီး နောက်လမှာကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာပြည်ကို သွားရောက်သင့်ကြောင်းအပါအဝင် သူ့အမြင်တွေကို ဆွေး နွေးတိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

“အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံက လက်ရှိအာဏာ ပိုင်တွေနဲ့ဆက်သွယ်ပြီး အမြန်ဆုံးသွားရောက်နိုင်ဖို့ အပြင်းအထန်ကြိုးစားနေတယ်လို့ ကျွန်တော်နားလည်ပါတယ်” လို့ Saifuddin က ဒီနေ့ပြုလုပ်တဲ့သတင်း စာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

အာဆီယံခေါင်းဆောင်တွေဆုံးဖြတ်ခဲ့တဲ့ သဘောတူညီချက် နံပတ် ၅ အတိုင်း အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင် ငံက အစုအဖွဲ့အများအပြားကို ဖြစ်နိုင်သမျှတွေ့ဆုံခွင့်ရရှိဖို့အရေးကြီးတဲ့အကြောင်း မလေးရှားနိုင်ငံခြား ရေးဝန်ကြီးက အလေးထားပြောပါတယ်။

Public Service Announcement

Public Service Announcement

“မြန်မာအာဏာပိုင်တွေက ပါဝင်ပတ်သက်သူ (stakeholders)အားလုံးနဲ့ တွေ့ဆုံခွင့်မပေးမှာကို ကျွန်တော်တို့ နည်းနည်းစိုးရိမ်ပါတယ်။ ဒါပေမဲ့လည်း Erywan ကို ကျွန်တော်ပြောခဲ့တာက သူ့သက်တမ်းအတွင်း မြန်မာပြည်ကို တစ်ကြိမ်ထက်မက သွားရောက်နိုင်ဖို့ ဖြစ်နိုင်သမျှ မြန်မြန်လုပ်ဆောင်သင့်ကြောင်းနဲ့ ဖြစ်နိုင်သမျှ ပါဝင်ပတ်သက် သူအများအပြားကို တွေ့ဆုံခွင့်ရဖို့ မျှော်လင့်တဲ့အကြောင်းပါ”လို့ Saifuddin က ဆိုပါတယ်။

အာဆီယံခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ ဧပြီတုန်းက အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်ရေး၊ တွေ့ဆုံဆွေးနွေးရေး၊ အထူးကိုယ်စားလှယ်ခန့်အပ်ရေးအပါ အဝင် သဘောတူဆုံးဖြတ်ချက် ၅ ရပ်ကို ချမှတ်ခဲ့ပြီး အဲဒီ ၅ ရပ်ထဲက အထူး ကိုယ်စားလှယ်ခန့်အပ်ရေးတစ်ချက်ကိုသာ ရက်ပေါင်း ၁၀၀ အကြာမှာ ပထမဆုံးအတည်ပြုနိုင်ခဲ့ပါတယ်။

အထူးကိုယ်စားလှယ်ကို ဩဂုတ်လဆန်းမှာ ခန့်အပ်ကြေညာနိုင်ခဲ့ပေမယ့် အခု တစ်လနီးပါးကြာမြင့်ချိန်အထိ Erywan Yusof က မြန်မာပြည်ကို လာရောက်ခွင့်မရရှိသေးပါဘူး။

ကိုးကား – Malaymail

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီရက်ပိုင်း Facebook Memory ကို ဖွင့်ကြည့်မိတိုင်း လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်က ပုံတွေ ပြန်ပေါ်လာတယ်။ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံရဲ့ ရေဘေးပုံတွေ။ ရွှံ့နွံထဲက လမ်းတွေ၊ ရေမြုပ်နေတဲ့ အိမ်တွေ၊ လှေနဲ့ သွားလာနေကြတဲ့ လူတွေ၊ ရေဘေးသင့်သူတွေကို ကူညီဖို့ အစားအသောက်နဲ့ ရေသန့်တွေ...

သတင်း

ထိုင်းအဆိုပြုတဲ့ ညှိနှိုင်းထိတွေ့ဆက်ဆံဗျူဟာအကျိုးမရှိဟု​ထောက်ပြ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။