Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယနဲ့ ပူးပေါင်းပြီး ခေတ်မီ စစ်လက်နက်တွေ ထုတ်လုပ်လာနိုင်ကြောင်း ရုရှားပြော

အိန္ဒိယဟာ ဆယ်စုနှစ် တော်တော်များများကြာအောင် ရုရှားရဲ့ စစ်လက်နက်တွေကို မှီခိုနေရပါတယ်။ တစ်ချိန်တည်းမှာပဲ ရုရှားဟာ အိန္ဒိယက ထုတ်လုပ်တဲ့ ဆေးဝါးပစ္စည်းတွေအတွက် စတုတ္ထ အကြီးဆုံး စျေးကွက်လည်း ဖြစ်နေပြန်ပါတယ်။

အိန္ဒိယနဲ့ ပူးပေါင်းပြီး ခေတ်မီ စစ်လက်နက်တွေ ထုတ်လုပ်လာနိုင်ကြောင်း ရုရှားပြော
အိန္ဒိယနဲ့ ပူးပေါင်းပြီး ခေတ်မီ စစ်လက်နက်တွေ ထုတ်လုပ်လာနိုင်ကြောင်း ရုရှားပြော

အိန္ဒိယနဲ့ ပူးပေါင်းပြီး စစ်လက်နက်တွေ ထုတ်လုပ်တာမျိုး ရှိကောင်း ရှိလာနိုင်တယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ ၈ ရက်က သူဟာ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာကို မော်စကိုမြို့မှာ တွေ့ဆုံပြီး ခေတ်မီ လက်နက်တွေကို နှစ်နိုင်ငံ ပူးပေါင်း ထုတ်လုပ်ရေး ကိစ္စအတွက်ပါ ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ လက်ဗ်ရော့ဗ်က ဆိုပါတယ်။ ဒါပေမဲ့ ဒီကိစ္စ ဖြစ်မြောက်လာမယ်လို့ ၁၀၀ ရာခိုင်နှုန်း အာမခံတာမျိုး မဟုတ်သေးဘူးလို့လည်း လက်ဗ်ရော့ဗ်က ပြောပါတယ်။

နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ အခုနှစ်အတွင်းမှာ ၅ ကြိမ်မြောက် တွေ့ဆုံတာလည်း ဖြစ်ပါတယ်။ နှစ်နိုင်ငံ စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ အသေးစိတ် ဆွေးနွေးခဲ့ကြောင်း၊ အဲဒီထဲမှာ ခေတ်မီ စစ်လက်နက်တွေကို ပူးပေါင်းထုတ်လုပ်နိုင်မလားဆိုတဲ့ ရှုထောင့်လည်း အပါအဝင်ဖြစ်ကြောင်း လက်ဗ်ရော့ဗ်က မှတ်ချက် ပေးခဲ့ပါတယ်။ နောက်ပြီး စွမ်းအင်ကဏ္ဍနဲ့ အာကာသ စူးစမ်းလေ့လာရေး အပါအဝင် တခြားကိစ္စတွေမှာပါ ပူးပေါင်းဆောင်ရွက်ဖို့ နှစ်ဖက်စလုံးက လိုလိုလားလား တိုင်ပင် နှီးနှောခဲ့ကြကြောင်း သူက ဆိုပါတယ်။

အိန္ဒိယဟာ ဆယ်စုနှစ် တော်တော်များများကြာအောင် ရုရှားရဲ့ စစ်လက်နက်တွေကို မှီခိုနေရပါတယ်။ တစ်ချိန်တည်းမှာပဲ ရုရှားဟာ အိန္ဒိယက ထုတ်လုပ်တဲ့ ဆေးဝါးပစ္စည်းတွေအတွက် စတုတ္ထ အကြီးဆုံး စျေးကွက်လည်း ဖြစ်နေပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယ အစိုးရဟာ ရုရှားနဲ့ ဆက်ဆံရေး ကောင်းမွန်မှုကို ဂုဏ်ပြု ကြွေးကြော်ထားသလို ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ ရုရှားအပေါ် ရှုတ်ချခြင်း မပြုတဲ့ ကမ္ဘာ့နိုင်ငံ အနည်းစုထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုမှာ ပါဝင်ဖို့ ငြင်းဆန်ပြီး ရုရှားဆီက ရေနံကို အစဉ်တစိုက် ဝယ်ယူနေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

Facebook