Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အိန္ဒိယ သမိုင်းမှာ ပထမဆုံး မဲပေးခဲ့တဲ့ အမျိုးသားကြီး အသက် ၁၀၅ နှစ် အရွယ်မှာ ကွယ်လွန်

ဗြိတိသျှ ကိုလိုနီ ဘဝကနေ လွတ်လပ်ရေး ရလာပြီး ပထမဆုံးအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အစောဆုံး မဲပေးသူ အနေနဲ့ ရှာယမ် ဆာရန် နက်ဂီက မှတ်တမ်းဝင်ထားပါတယ်။ အဲဒီအချိန်ကစလို့ နက်ဂီဟာ ကျင်းပခဲ့သမျှ အိန္ဒိယ ရွေးကောက်ပွဲတိုင်းမှာ မပျက်မကွက် မဲပေးခဲ့ပါတယ်။

အိန္ဒိယ သမိုင်းမှာ ပထမဆုံး မဲပေးခဲ့တဲ့ အမျိုးသားကြီး အသက် ၁၀၅ နှစ် အရွယ်မှာ ကွယ်လွန်
အိန္ဒိယ သမိုင်းမှာ ပထမဆုံး မဲပေးခဲ့တဲ့ အမျိုးသားကြီး အသက် ၁၀၅ နှစ် အရွယ်မှာ ကွယ်လွန်

အိန္ဒိယ နိုင်ငံရဲ့ ပထမဆုံး မဲပေးသူအဖြစ် သတ်မှတ်ခံရတဲ့ အမျိုးသားကြီးဟာ အသက် ၁၀၅ နှစ် အရွယ်မှာ ကွယ်လွန်သွားကြောင်း သိရပါတယ်။

ဗြိတိသျှ ကိုလိုနီ ဘဝကနေ လွတ်လပ်ရေး ရလာပြီး ပထမဆုံးအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အစောဆုံး မဲပေးသူ အနေနဲ့ ရှာယမ် ဆာရန် နက်ဂီက မှတ်တမ်းဝင်ထားပါတယ်။ အဲဒီအချိန်ကစလို့ နက်ဂီဟာ ကျင်းပခဲ့သမျှ အိန္ဒိယ ရွေးကောက်ပွဲတိုင်းမှာ မပျက်မကွက် မဲပေးခဲ့ပါတယ်။

သူဟာ နိုဝင်ဘာ ၅ ရက်မှာ ကွယ်လွန်ခဲ့ပြီး အဲဒီမတိုင်ခင် ၃ ရက် အလိုကတင် ဟင်မာချယ်လ် ပရာဒက်ရှ် ပြည်နယ်က လွှတ်တော် ရွေးကောက်ပွဲအတွက် သွားရောက် မဲပေးခဲ့ပါသေးတယ်။ နက်ဂီဟာ ရွေးကောက်ပွဲတွေမှာ စဉ်ဆက်မပြတ် မဲပေးခဲ့တယ်ဆိုတဲ့ သူ့ရဲ့ ဖြတ်သန်းမှုကို အရမ်းဂုဏ်ယူလေ့ ရှိတယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယမှာ လွတ်လပ်ရေး ရပြီးနောက် ၁၉၅၂ ခုနှစ်မှာ ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ နက်ဂီနေထိုင်တဲ့ ပြည်နယ်က အဲဒီအချိန်မှာ အရမ်းနှင်းကျလေ့ ရှိတာကြောင့် ၅ လစောပြီး ၁၉၅၁ ခုနှစ်မှာ ရွေးကောက်ပွဲ ကြိုတင် ကျင်းပစေခဲ့ပါတယ်။ အဲဒီတုန်းက နက်ဂီဟာ အစောဆုံး မဲသွားပေးသူ ဖြစ်ခဲ့ပါတယ်။ အဲဒီခေတ် ရွေးကောက်ပွဲမှာ အိန္ဒိယ အမျိုးသား ကွန်ဂရက်က သောင်ပြိုကမ်းပြို ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဂျာဝါဟာလာ နေရူးက အိန္ဒိယရဲ့ ပထမဆုံး ရွေးကောက်ခံ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုသီတင်းပတ် အစောပိုင်းက ရွေးကောက်ပွဲ ကော်မရှင် အရာရှိတွေဟာ နိုဝင်ဘာ ၁၂ ရက် ရွေးကောက်ပွဲ မတိုင်ခင် ကြိုတင်မဲ သွားပေးခဲ့တဲ့ နက်ဂီကို ကော်ဇောနီခင်းပြီး အမှတ်တရ ဂုဏ်ပြုပေးခဲ့ကြပါတယ်။ နက်ဂီဟာ ကျန်းမာရေး အတော်ဆိုးနေတဲ့အတွက် ပထမဆုံးအကြိမ် မဲရုံကို ကိုယ်တိုင် မသွားရောက်ဖို့ ဆုံးဖြတ်ခဲ့ပြီး ကြိုတင်မဲ သွားပေးခဲ့တာလို့ အိန္ဒိယ မီဒီယာတွေက ဖော်ပြပါတယ်။

၂၀၁၄ တုန်းက အိန္ဒိယ ရွေးကောက်ပွဲ ကော်မရှင်ဟာ နက်ဂီကို ကော်မရှင်ရဲ့ သံအမတ် အနေနဲ့ ခန့်အပ်ခဲ့ဖူးပါတယ်။ နက်ဂီက မဲပေးခြင်းဟာ ဒီမိုကရေစီ လုပ်ငန်းစဉ်ရဲ့ အလေ့အကျင့်ကောင်း ဖြစ်တာကြောင့် နောင်လာနောက်သား လူငယ်တွေလည်း မပျက်မကွက် လက်ဆင့်ကမ်းပြီး သေသေချာချာ မဲပေးစေချင်တယ်လို့ တိုက်တွန်းခဲ့ဖူးပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီဟာ သူ့ရဲ့ မဲဆွယ်မိန့်ခွန်းကို ပြောကြားချိန်မှာ ကွယ်လွန်သူ နက်ဂီကို ထည့်သွင်း ဂုဏ်ပြုသွားခဲ့ပါတယ်။ နက်ဂီရဲ့ ကြွင်းကျန် ရုပ်အလောင်းကို ပြည်နယ် အစိုးရရဲ့ ဂုဏ်ပြု အစီအစဉ်နဲ့ သူ့ဇာတိကျေးရွာ ကယ်လ်ပါမှာ မီးသင်္ဂြိုဟ်သွားမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ အိန္ဒိယကြားမှာ ၁၆၄၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပြီး အိန္ဒိယရဲ့ အရှေ့အာရှ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး မြှင့်တင်မှု မဟာဗျူဟာမှာ မြန်မာဟာ ပထဝီ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း နီပေါ ရဲတပ်ဖွဲ့ဟာ ခတ္တမန္ဒူ မြို့တော်မှာ လူမှောင်ခို ဂိုဏ်းတွေကို ဖြိုခွင်းပြီး လူ ၁၈ ဦးထက် မနည်းကို လူမှောင်ခိုမှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

နာရေးသတင်းကို ကြားသိခဲ့တဲ့နောက် နိုင်ငံတကာ အစိုးရတွေက နမီးဘီးယား အစိုးရကိုရော၊ ကျန်ရစ်သူ မိသားစုကိုပါ ဝမ်းနည်း ကြေကွဲကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။