Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် ဒီနေ့မှာလွတ်ရက်စေ့ပေမယ့် မလွှတ်ပေးဘဲ ပုဒ်မထပ်တိုးခံရ

ထပ်တိုးလိုက်တဲ့ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဟာ အနိမ့်ဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်တကျွန်းထိချနိုင်တဲ့ပုဒ်မလည်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့မတရားဖမ်းဆီးတာကိုခံထားရတဲ့ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်နဲ့ စည်ပင်ကော်မတီဝင်ဦးကျော်ဇေယျတို့ကိုတွေ့ရစဉ်(ပုံဟောင်း)
စစ်ကောင်စီရဲ့မတရားဖမ်းဆီးတာကိုခံထားရတဲ့ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်နဲ့ စည်ပင်ကော်မတီဝင်ဦးကျော်ဇေယျတို့ကိုတွေ့ရစဉ်(ပုံဟောင်း)

အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးထောင်ချထားတဲ့ ပြစ်ဒဏ်ကနေ လွတ်မြောက်ခါနီးမှာ ပြန်လွှတ်မပေးဘဲ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်နဲ့ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျ တို့ကို စစ်ကောင်စီက နိုင်ငံပိုင်ပစ္စည်းအလွဲသုံးစားမှုနဲ့ ပုဒ်မထပ်တိုးလိုက်ပါတယ်။

ထပ်တိုးလိုက်တဲ့ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဟာ အနိမ့်ဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်တကျွန်းထိချနိုင်တဲ့ပုဒ်မလည်းဖြစ်ပါတယ်။

စစ်ကောင်စီဟာ မြို့တော်ဝန်ဒေါက်တာရဲလွင် ရော NLD ပါတီဝင် ရွေးကောက်ခံ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျကိုပါ ဆူပူအောင်လှုံဆော်မှုနဲ့ ထောင်ဒဏ် ၂ နှစ်စီချထားတာပါ။

စစ်ကောင်စီချထားတဲ့ထောင်ဒဏ်အရ မြို့တော်ဝန်ဦးရဲလွင်ဟာ ဒီနေ့မှာ လွတ်မြောက်ရမှာဖြစ်ပြီး ဦးကျော်ဇေယျကတော့ ဒီလ နိုဝင်ဘာလ ၂၃ ရက်မှာ လွတ်ရမှာဖြစ်တယ်လို့ မန္တလေး နိုင်ကျဉ်း အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေအသိုင်းအဝိုင်းကနေစုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် စစ်ကောင်စီဟာ ပြန်လွှတ်ပေးဖို့အစီအစဉ်မရှိဘဲ မန္တလေး စည်ပင်မှာတာဝန်ထမ်းဆောင်ချိန် အလွဲသုံးစားလုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အမှုထပ်တိုးထားတယ်လို့ သိရပါတယ်။

တဖက်မှာတော့ ထောင် ၂နှဏ်စီချထားတဲ့ မန္တလေးတိုင်းဝန်ကြီး ၂ ဦးကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်လွှတ်ပေးလာပါတယ်။

မန္တလေး စိုက်ပျိုးမွေးမြူဝန်ကြီးနဲ့ သံယဇာတဝန်ကြီးကို ပြစ်ဒဏ်စေ့လို့ ပြန်လွှတ်ပေးတာလို့ အကြောင်းပြထားပါတယ်။

မန္တလေးမြို့ခံတွေကတော့ မြို့တော်ဝန်ဒေါက်တာရဲလွင်ကို ထောက်ခံသူလုထုရှိတဲ့အတွက် စစ်ကောင်စီဟာ ပြန်မလွှတ်ပေးရဲတာဖြစ်တယ်လို့သုံးသပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာပေါ်ရှိသြဇာအာဏာအရှိဆုံး မြို့ကြီးများထဲမှ တစ်မြို့အဖြစ် လန်ဒန်က ဆက်လက်ရပ်တည်နိုင်နေခြင်းမှာမြို့၏မတူကွဲပြားသော လူမှုအသိုင်းအဝိုင်းကြောင့် ဖြစ်တယ်လို့ လန်ဒန်မြို့တော်ဝန် ဆာဒီခ်ခန်းက ပြောကြားလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ မနေ့ မတ်လ ၉ရက် ညက မီးလောင်မှုကြောင့် နေအိမ် ၆လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

သတင်း

ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်များစွာပျက်စီးဆုံးရှုံးခဲ့တဲ့အပြင် ကိုယ်စိတ်နှလုံးကြေကွဲခံစားခဲ့ရတဲ့မန္တလေးငလျင်ကြီးအကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကားကိုမန္တလေးမြို့ခံတွေကကန့်ကွက်ဝေဖန်နေကြပါတယ်။

သတင်း

ဖိလစ်ပိုင် နိုင်ငံမှာ မြို့တော်ဝန်တစ်ဦး လိုက်ပါလာတဲ့ မော်တော်ကားဟာ ပခုံးထမ်းလောင်ချာ (RPG) တည့်တည့်ထိမှန်ခဲ့ပေမယ့် မြို့တော်ဝန်က ဘေးကင်းခဲ့ကြောင်း သိရပါတယ်။