Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်းသယံဇာတဝန်ကြီး ဦးမျိုးသစ်ကို စစ်ကောင်စီပြန်လွှတ်

စစ်ကောင်စီဟာ ဝန်ကြီးဦးမျိုးသစ်ကို CDM လှုပ်ရှားမှု လှုံဆော်တယ်ဆိုပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲထောင်ချခဲ့တာပါ။

မန္တလေးတိုင်းသယံဇာတဝန်ကြီး ဦးမျိုးသစ်ကို စစ်ကောင်စီပြန်လွှတ်
မန္တလေးတိုင်းသယံဇာတဝန်ကြီး ဦးမျိုးသစ်ကို စစ်ကောင်စီပြန်လွှတ်

ဆူပူအောင်လှုံဆော်မှု နဲ့ ထောင်ဒဏ် ၂ နှစ်ချထားတဲ့ မန္တလေးတိုင်းအစိုးရ သယံဇာတဝန်ကြီး ဦးမျိုးသစ် ကို ဒီနေ့မှာ အိုးဘိုထောင်ကနေ စစ်ကောင်စီကပြန်လွှတ်ပေးလိုက်ပါတယ်။

စစ်ကောင်စီဟာ ဝန်ကြီးဦးမျိုးသစ်ကို CDM လှုပ်ရှားမှု လှုံဆော်တယ်ဆိုပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲထောင်ချခဲ့တာပါ။

ပြစ်ဒဏ်ချခံရပြီး ၂ နှစ်ပြည့်ခါနီးမှာ ပြန်လွတ်မြောက်လာတာလည်းဖြစ်ပါတယ်။

ဝန်ကြီး ဦးမျိုးသစ်နဲ့ ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးကလည်း” ဟုတ်ပါတယ်။ ဆရာပြန်လွတ်လာပါပြီ” လို့အတည်ပြုပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကောင်စီဟာ မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးဝန်ကြီး ဒေါက်တာစိုးသန်းကိုလည်းပြန်လွှတ်ပေးခဲ့တာရှိပါတယ်။

ဒါပေမယ့် မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကိုတော့ လွတ်ရက်စေ့ခါနီးမှာ ပုဒ်မထပ်တိုးပြီး စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။