Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဘီးလင်းတွင် စစ်ယာဉ်တန်းအားတိုက်ခိုက်ရာ ကားလေးစီးပျက်စီး

စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးသူများကို သထုံဘက်သို့ သယ်ဆောင်သွားသကဲ့သို့ ဘီးလင်းဘက်သို့ သယ်ဆောင်သွားခြင်းလည်းရှိကြောင်း ၎င်းကဆိုသည်။

(KNLA တပ်သားများအား တွေ့ရစဉ်)
(KNLA တပ်သားများအား တွေ့ရစဉ်)

▪️စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ဦးခန့်သေဟု KNLA တပ်မှူးပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) နယ်မြေ ရန်ကုန် – မော်လမြိုင်လမ်း ဘီးလင်းမြို့နယ် တွင် စစ်ကောင်စီတပ် ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သည့် ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ယာဉ် လေးစီးပျက်စီးပြီး စစ်ကောင်စီတပ်သား ၂၇ဦး ခန့်သေဆုံးကြောင်း တပ်မဟာ(၁) မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲရေး ကော်မတီမှ KNLA တပ်မှူးတစ်ဦးက ပြောသည်။

“မနေ့က ၁၁ရက်နေ့က ကျွန်တောါတို့ တပ်မဟာ(၁) က သထုံကနေ ဘီလင်း တိုးဂိတ်ဟောင်းမှာ မနေ့တုန်းကတက်လာတဲ့ ကား ၁၃စီးမှာ ကျွန်တော်တို့ဘက်က ပူးပေါင်းတပ်ဖွဲ့ကနေပြီးမှ RPGနဲ့လည်း ပစ်တယ်။ ဖိုတီးနဲ့လည်းပစ်တယ်။ နောက် လက်နက်ငယ်တွေနဲ့လည်း ပစ်တာပေါ့။ ကားက လေးစီးက ပျက်စီးသွားတယ်။ ကျန်တဲ့ကားတွေအားလုံးလည်း ထိကျတယ်။ အဲဒီမှာ ထိခိုက်ဒဏ်ရာတော်တော်များတယ်။ တော်တော်များတယ် ။သေတာ ၂၇ယောက်လောက်ရှိတယ်။ ဒဏ်ရာရတာလည်း အများကြီးပဲ”ဟု အဆိုပါ တပ်မှူးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် လက်ချက်ကြောင့် ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းနှစ်စီး ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

“ကျွန်တော်တို့ဆီက ဒရုန်းနှစ်စီးလည်း သူတို့ ပစ်ချသွားတယ်။ ကျွန်တော်တို့က ဒရုန်းနဲ့လည်း ပစ်တယ် RPGနဲ့လည်း ပစ်တယ် အဲဒီလိုမျိုး။ပူးပေါင်းတပ်ဖွဲ့က ထိခိုက်မှုမရှိဘူး”ဟု KNLA တပ်မှူးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးသူများကို သထုံဘက်သို့ သယ်ဆောင်သွားသကဲ့သို့ ဘီးလင်းဘက်သို့ သယ်ဆောင်သွားခြင်းလည်းရှိကြောင်း ၎င်းကဆိုသည်။

“အရှိန်ကတော့ တဖြည်းဖြည်းနဲ့ ဆက်ပြီးတော့ နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ တပ်မဟာ(၁)ဘက်မှာ အမြဲတမ်း ထိတွေ့မှုတွေ ခြုံခိုတိုက်ခိုက်မှုတွေ လက်ဦးမှုယူပြီး ဒရုန်းနဲ့ ပစ်တာတို့ လက်နက်ကြီးနဲ့ ပစ်တာတို့ မိုင်းဆွဲတာတို့ အမြဲတမ်းဖြစ်တယ်” ဟု KNLA တပ်မှူးက ပြောသည်။

နိုဝင်ဘာ ၁၀ရက်ကလည်း သထုံမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ ပြည်သူတစ်ဦးအား ဖမ်းဆီးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပူးပေါင်းတပ်က တိုက်ခိုက်ရာ ဗိုလ်မှူး တစ်ဦးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာဖြင့်ထွက်ပြေးသွားသည်ဟုဆိုသည်။ အဆိုပါ ဖြစ်စဉ်တွင် စစ်ကောင်စီတပ်မှ လက်နက် ၃လက်၊ ခဲယမ်း၊ ကျည် နှင့် ကျပ် ၂၃သိန်း သိမ်းဆည်းရရှိခဲ့သည်ဟု တပ်မဟာ(၁) မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲရေးကော်မတီ တာဝန်ရှိသူသူတစ်ဦးက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။