Connect with us

Hi, what are you looking for?

သတင်း

ဘီးလင်းတွင် စစ်ယာဉ်တန်းအားတိုက်ခိုက်ရာ ကားလေးစီးပျက်စီး

စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးသူများကို သထုံဘက်သို့ သယ်ဆောင်သွားသကဲ့သို့ ဘီးလင်းဘက်သို့ သယ်ဆောင်သွားခြင်းလည်းရှိကြောင်း ၎င်းကဆိုသည်။

(KNLA တပ်သားများအား တွေ့ရစဉ်)
(KNLA တပ်သားများအား တွေ့ရစဉ်)

▪️စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ဦးခန့်သေဟု KNLA တပ်မှူးပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) နယ်မြေ ရန်ကုန် – မော်လမြိုင်လမ်း ဘီးလင်းမြို့နယ် တွင် စစ်ကောင်စီတပ် ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သည့် ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ယာဉ် လေးစီးပျက်စီးပြီး စစ်ကောင်စီတပ်သား ၂၇ဦး ခန့်သေဆုံးကြောင်း တပ်မဟာ(၁) မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲရေး ကော်မတီမှ KNLA တပ်မှူးတစ်ဦးက ပြောသည်။

“မနေ့က ၁၁ရက်နေ့က ကျွန်တောါတို့ တပ်မဟာ(၁) က သထုံကနေ ဘီလင်း တိုးဂိတ်ဟောင်းမှာ မနေ့တုန်းကတက်လာတဲ့ ကား ၁၃စီးမှာ ကျွန်တော်တို့ဘက်က ပူးပေါင်းတပ်ဖွဲ့ကနေပြီးမှ RPGနဲ့လည်း ပစ်တယ်။ ဖိုတီးနဲ့လည်းပစ်တယ်။ နောက် လက်နက်ငယ်တွေနဲ့လည်း ပစ်တာပေါ့။ ကားက လေးစီးက ပျက်စီးသွားတယ်။ ကျန်တဲ့ကားတွေအားလုံးလည်း ထိကျတယ်။ အဲဒီမှာ ထိခိုက်ဒဏ်ရာတော်တော်များတယ်။ တော်တော်များတယ် ။သေတာ ၂၇ယောက်လောက်ရှိတယ်။ ဒဏ်ရာရတာလည်း အများကြီးပဲ”ဟု အဆိုပါ တပ်မှူးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် လက်ချက်ကြောင့် ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းနှစ်စီး ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

“ကျွန်တော်တို့ဆီက ဒရုန်းနှစ်စီးလည်း သူတို့ ပစ်ချသွားတယ်။ ကျွန်တော်တို့က ဒရုန်းနဲ့လည်း ပစ်တယ် RPGနဲ့လည်း ပစ်တယ် အဲဒီလိုမျိုး။ပူးပေါင်းတပ်ဖွဲ့က ထိခိုက်မှုမရှိဘူး”ဟု KNLA တပ်မှူးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးသူများကို သထုံဘက်သို့ သယ်ဆောင်သွားသကဲ့သို့ ဘီးလင်းဘက်သို့ သယ်ဆောင်သွားခြင်းလည်းရှိကြောင်း ၎င်းကဆိုသည်။

“အရှိန်ကတော့ တဖြည်းဖြည်းနဲ့ ဆက်ပြီးတော့ နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ တပ်မဟာ(၁)ဘက်မှာ အမြဲတမ်း ထိတွေ့မှုတွေ ခြုံခိုတိုက်ခိုက်မှုတွေ လက်ဦးမှုယူပြီး ဒရုန်းနဲ့ ပစ်တာတို့ လက်နက်ကြီးနဲ့ ပစ်တာတို့ မိုင်းဆွဲတာတို့ အမြဲတမ်းဖြစ်တယ်” ဟု KNLA တပ်မှူးက ပြောသည်။

နိုဝင်ဘာ ၁၀ရက်ကလည်း သထုံမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ ပြည်သူတစ်ဦးအား ဖမ်းဆီးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပူးပေါင်းတပ်က တိုက်ခိုက်ရာ ဗိုလ်မှူး တစ်ဦးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာဖြင့်ထွက်ပြေးသွားသည်ဟုဆိုသည်။ အဆိုပါ ဖြစ်စဉ်တွင် စစ်ကောင်စီတပ်မှ လက်နက် ၃လက်၊ ခဲယမ်း၊ ကျည် နှင့် ကျပ် ၂၃သိန်း သိမ်းဆည်းရရှိခဲ့သည်ဟု တပ်မဟာ(၁) မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲရေးကော်မတီ တာဝန်ရှိသူသူတစ်ဦးက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေရဲ့ကားကို စစ်တပ်က ရပ်တန့်ခိုင်းပြီး ပစ်ခတ်လို့ (၁၃)နှစ်အရွယ် ကလေးငယ်အပါအဝင် ၂ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရကာ ၄ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) သထုံခရိုင် ဘီးလင်းမြို့နယ် ဝင်းတာပန်ဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်ရဲ့ စစ်ကူစစ်ကြောင်းက ဝင်းတာပန်ရွာက နေအိမ်တွေကို မီးရှို့တာ၊ လေယာဉ်၊လက်နက်ကြီး ၊ပါရာမော်တာတွေ သုံးပြီး ကျေးရွာကို ပစ်မှတ်ထားတိုက်ခိုက်တာ လုပ်ဆောင်နေကြောင်း သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ပါ တိုက်ပွဲပြင်းထန်နေ