Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မကွေးလေတပ်ကို တော်လှန်ရေးတပ်ဖွဲ့များ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ဟု ဒေသခံပြော

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် မကွေးလေတပ်အတွင်း ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းမှ အလုပ်သမားများကို လေတပ်အတွင်း ဝင်ခွင့်မပြုဟု သိရသည်ဟု ၎င်းက ဆိုသည်။

(မကွေးလေတပ်စခန်းဌာနချုပ် အဝင်တစ်နေရာအား တွေ့ရစဥ်)
(မကွေးလေတပ်စခန်းဌာနချုပ် အဝင်တစ်နေရာအား တွေ့ရစဥ်)

မကွေးအခြေစိုက် စစ်ကောင်စီ၏ လေတပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့နံနက်တွင် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မကွေးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

“မကွေးလေတပ်ကို မနက်က ၆နာရီလောက်က ရှော့တိုက်ဒုံးနဲ့ ၃ခါလောက် ပစ်တာ။ ပစ်တော့ သူတို့အရင်တခါ ကလည်း ရှော့တိုက်ဒုံးနဲ့ မကွေးလေတပ်ကို ပစ်ဖူးတယ်လေ။ ပစ်ဖူးတော့ သပြေစမ်းဆိုတဲ့ရွာနားက ယာခင်းထဲက သဲလွန်စတွေ ဘတ္ထရီအိုးတို့ ဘာတို့ အဲဒါတွေတွေ့ခဲ့တာကိုး။ တွေ့ခဲ့တော့ ဒီနေ့လည်း အဲဒီရွာကို သူတို့တစ်ရွာလုံး ပိုက်စိပ်တိုက်ရှာတယ်ပြောတယ်”ဟု ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် မကွေးလေတပ်အတွင်း ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းမှ အလုပ်သမားများကို လေတပ်အတွင်း ဝင်ခွင့်မပြုဟု သိရသည်ဟု ၎င်းက ဆိုသည်။

“ဒီလိုပစ်လိုက်တဲ့အတွက် အထိအခိုက်အပျက်အစီးကတော့ ကျွန်တော်တို့ မသိရဘူး။ မကြားရသေးဘူးပေါ့။ ပစ်တာတော့ သုံးချက်ပစ်တာ။ မကွေး ယူဂျီအဖွဲ့တွေ သုံးဖွဲ့လောက်ပေါင်းပြီးလှုပ်ရှားတယ် ပြောတာပဲ”ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

မကွေးလေတပ်စခန်းတွင် ၂၀၂၂ ဩဂုတ်အတွင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဧပြီအတွင်းကလည်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။အဆိုပါဖြစ်စဉ်များ၌ လေယာဉ်နှင့် လေယာဉ်ရုံ အဆောက်အဦတို့ ထိခိုက်မှုရှိခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

မတ်လ ၁၄ ရက်ကလည်း BWM နှင့် MKCDF အဖွဲ့တို့ပူးပေါင်း၍ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သည်။