Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေး ထိုင်းဝန်ကြီးချုပ်နဲ့ အမေရိကန်ဒုသမ္မတ ဆွေးနွေးမယ်

အဲဒီအစည်းအဝေးကာလအတွင်း ထိုင်းဝန်ကြီးချုပ်နဲ့ သီးသန့်တွေ့ဆုံဖို့ရှိပြီး မြန်မာ့အရေးထည့်သွင်းဆွေးနွေးမယ်လို့ အိမ်ဖြူတော်ဘက်က ထုတ်ပြန်တာတွေ့ရပါတယ်။

မြန်မာ့အရေး ထိုင်းဝန်ကြီးချုပ်နဲ့ အမေရိကန်ဒုသမ္မတ ဆွေးနွေးမယ်
မြန်မာ့အရေး ထိုင်းဝန်ကြီးချုပ်နဲ့ အမေရိကန်ဒုသမ္မတ ဆွေးနွေးမယ်

အမေရိကန် ဒုသမ္မတ ကမလာဟဲရစ် ရဲ့အရှေ့တောင်အာရှခရီးစဉ်အတွင်း မြန်မာ့အရေးအတွက် ထိုင်းဝန်ကြီးချုပ်နဲ့ သီးသန့်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

ကန်ဒုသမ္မတဟာ ထိုင်းနိုင်ငံမှာ နိုဝင်ဘာလ ၁၆ ရက်ကနေ ၁၈ ရက်အထိ ကျင်းပမယ့် အာရှ – ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးထိပ်သီးအစည်းအဝေး ( APEC) တက်ရောက်မှာဖြစ်ပါတယ်။

အဲဒီအစည်းအဝေးကာလအတွင်း ထိုင်းဝန်ကြီးချုပ်နဲ့ သီးသန့်တွေ့ဆုံဖို့ရှိပြီး မြန်မာ့အရေးထည့်သွင်းဆွေးနွေးမယ်လို့ အိမ်ဖြူတော်ဘက်က ထုတ်ပြန်တာတွေ့ရပါတယ်။

ဒါပေမယ့် ဆွေးနွေးမယ့်အကြောင်းအရာအသေးစိတ်ကိုတော့ မဖော်ပြထားပါဘူး။

Public Service Announcement

Public Service Announcement

ထိုင်းနိုင်ငံမှာ APEC အစည်းအဝေးအပြီး ကန်ဒုသမ္မတဟာ ဖိလစ်ပိုင်နိုင်ငံကိုဆက်လက်ထွက်ခွာမယ်လို့သိရပါတယ်။

ဓာတ်ပုံ − AFP

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။