Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာ့အရေးအား ၂၀၀၈ခြေဥကိုသုံးပြီးဖြေရှင်းသည့် ချဉ်းကပ်မှုမျိုး မဖြစ်ရန်လိုကြောင်း NUCCက အာဆီယံခေါင်းဆောင်များအား တိုက်တွန်း

နိုဝင်ဘာ ၉ရက်က ပေးပို့သည့် အဆိုပါ အိတ်ဖွင့်ပေးစာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြည်သူလူထု တစ်ရပ်လုံးမှ လုံး၀ ဖျက်သိမ်းပြီး ဖြစ်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသုံးပြုပြီး ဖြေရှင်းသည့်ချဉ်းကပ်မှုမျိုး မဖြစ်ရန်လိုအပ်ကြောင်း ဖော်ပြထားသည်။

(က​​မ္ဘောဒီးယားနိူင်ငံတွင် မြန်မာမပါ​သောအာဆီယံထိပ်သီးအစည်းကျင်းပရန်ပြင်ဆင်​နေမှုနှင့်NUCC၏​ပေးစာ။ ဓါတ်ပုံ-CNA)
(က​​မ္ဘောဒီးယားနိူင်ငံတွင် မြန်မာမပါ​သောအာဆီယံထိပ်သီးအစည်းကျင်းပရန်ပြင်ဆင်​နေမှုနှင့်NUCC၏​ပေးစာ။ ဓါတ်ပုံ-CNA)

▪︎စစ်အုပ်စုသည် နိုင်ငံတော်ပုန်ကန်မှုနှင့်ရာဇဝတ်မှုကျူးလွန်ထားသူများအဖြစ် မြင်ရန်၊ ၂၀၂၃ ရွေးကောက်ပွဲအားအသိအမှတ်မပြုရန် အသိပေး

အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာ့ နိုင်ငံရေးနှင့်ပတ်သက်သော ချဉ်းကပ်မှု အသစ်များ ပြုလုပ်ရာတွင် အာဆီယံ ဘုံသဘောတူညီချက် ၅ရပ်ပါ အချက်များကို ကျော်လွန်၍ စဉ်းစားရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က အာဆီယံ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များကို အိတ်ဖွင့်ပေးစာပေးပို့ တိုက်တွန်းလိုက်သည်။

နိုဝင်ဘာ ၉ရက်က ပေးပို့သည့် အဆိုပါ အိတ်ဖွင့်ပေးစာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြည်သူလူထု တစ်ရပ်လုံးမှ လုံး၀ ဖျက်သိမ်းပြီး ဖြစ်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသုံးပြုပြီး ဖြေရှင်းသည့်ချဉ်းကပ်မှုမျိုး မဖြစ်ရန်လိုအပ်ကြောင်း ဖော်ပြထားသည်။

(က​​မ္ဘောဒီးယားနိူင်ငံတွင် မြန်မာမပါ​သောအာဆီယံထိပ်သီးအစည်းကျင်းပရန်ပြင်ဆင်​နေမှုနှင့်NUCC၏​ပေးစာ။ ဓါတ်ပုံ-CNA)
(က​​မ္ဘောဒီးယားနိူင်ငံတွင် မြန်မာမပါ​သောအာဆီယံထိပ်သီးအစည်းကျင်းပရန်ပြင်ဆင်​နေမှုနှင့်NUCC၏​ပေးစာ။ ဓါတ်ပုံ-CNA)

အကြမ်းဖက် စစ်အုပ်စုသည် တရားဝင် ရွေးချယ်ခံထားရသော အစိုးရ မဟုတ်ဘဲ ပြည်သူလူထုက ဆန္ဒပြုထားသော ၂၀၂၀ ရွေးကောက်ပွဲရလဒ်အား ဆန့်ကျင်ကာ မတရားအာဏာသိမ်းယူထားသည့် နိုင်ငံတော် ပုန်ကန်မှုနှင့် ရာဇဝတ်မှု ကျူးလွန်ထားသူများ ဖြစ်ပြီး အာဆီယံ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေသည်ဟူသော အမြင်ဖြင့် ချဉ်းကပ်စဉ်းစားရန် လိုအပ်ကြောင်း NUCCက ဆိုသည်။

အနာဂတ် မြန်မာ့နိုင်ငံရေးတွင် စစ်တပ်၏ ပါဝင်မှု လုံး၀မရှိစေရေးမူကို အခြေခံသော ချဉ်းကပ်မှုမျိုး ဖြစ်ရန်လိုအပ်ကြောင်း အိတ်ဖွင့်ပေးစာ၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အာဆီယံသည် မြန်မာပြည်သူလူထု၏ လိုလားချက်နှင့် စံတန်ဖိုးများကို အလေးထားရန် နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်သည့် အခြေခံ ချဉ်းကပ်မှုမျိုးဖြစ်ရန်လိုအပ်သည်ဟု ဆိုသည်။

(က​​မ္ဘောဒီးယားနိူင်ငံတွင် မြန်မာမပါ​သောအာဆီယံထိပ်သီးအစည်းကျင်းပရန်ပြင်ဆင်​နေမှုနှင့်NUCC၏​ပေးစာ။ ဓါတ်ပုံ-CNA)
(က​​မ္ဘောဒီးယားနိူင်ငံတွင် မြန်မာမပါ​သောအာဆီယံထိပ်သီးအစည်းကျင်းပရန်ပြင်ဆင်​နေမှုနှင့်NUCC၏​ပေးစာ။ ဓါတ်ပုံ-CNA)

မြန်မာပြည်သူလူထု၏ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံထူထောင်ရေး ရည်မှန်းချက် အတွက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း(၁) (ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကြေညာစာတမ်း)၊ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၂) (ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီအမံ) နှင့် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ (၁၂)ချက် ရှိပြီးဖြစ်သည်ကို အာဆီယံအနေဖြင့် အလေးအနက်ထားရန် လိုအပ်သည်ဟု ဖော်ပြထားသည်။

၂၀၂၀ တွင် ပြည်သူလူထုမှ တခဲနက် ရွေးကောက်တင်မြောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များနှင့် နိုင်ငံရေး ခေါင်းဆောင်များကို ဖမ်းဆီးထားပြီး အာဏာသိမ်းထားသော အကြမ်းဖက် စစ်ကောင်စီမှ နိုင်ငံရေး တရားဝင်မှုနှင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရယူရန် ကြိုးပမ်းမှု တစ်ရပ်ဖြစ်သည့် တရားမဝင်သော ၂၀၂၃ ရွေးကောက် ပွဲအား အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများမှ လုံး၀ အသိအမှတ်မပြုရန်လိုအပ်ကြောင်းလည်း အသိပေးထားသည်။

အာဆီဝံ အဖွဲ့ဝင် အချို့နိုင်ငံများသည် မြန်မာ့အရေးကို ချဉ်းကပ်ရာတွင် တက်တက်ကြွကြွရှိပြီး အချို့နိုင်ငံများကမူ နှုတ်ဆိတ်လျက်ရှိနေသည်ကို တွေ့ရသောကြောင့် အာဆီယံနိုင်ငံအားလုံးမှ မြန်မာ့အရေးကို ချဉ်းကပ်ဖြေရှင်းရာ တွင် တညီတညွတ်တည်း ပါဝင်ပေးကြရန်လိုအပ်သည်ဟု ဖော်ပြသည်။

အကြမ်းဖက် စစ်အုပ်စု၏ အကြမ်းဖက် တိုက်ခိုက်မှုများမှ ရှောင်တိမ်းရန် လိုအပ်သော မြန်မာနိုင်ငံသား နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေး၊ စစ်ရေးအခြေအနေများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဒုက္ခသည်များကို အာဆီယံ၏ လူ့အခွင့်အရေးကြေညာစာတမ်းပါ ရည်ရွယ်ချက်များနှင့်အညီ အကာအကွယ်ပေးရန်လိုအပ်ကြောင်း NUCCက စာတွင် ရေးသားထားပြီး နိုင်ငံတကာ လူ့အခွင့်အရေး မြှင့်တင်ထိန်းသိမ်းရန် လိုအပ်သော စံချိန်စံညွှန်းများကို လိုက်နာ၍ ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ အတင်းအကြပ် ပြန့်ပို့ခြင်း မပြုလုပ်ရန် တိုက်တွန်းထားသည်။

အာဆီယံအနေဖြင့် ပြည်သူလူထုအား ကိုယ်စားပြုသော အဖွဲ့အစည်းများဖြစ်သည့် NUCC၊ NUG၊ CRPH တို့အား မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် တရားဝင်ဆက်ဆံရန်လိုအပ်သည်ဟုလည်း NUCCက တိုက်တွန်းထားသည်။

NUCCCကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ နွေဦးတော်လှန်ရေး အင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ ကြားကာလ ပြည်နယ် ဖက်ဒရယ်ယူနစ် ကိုယ်စားပြုနှင့် လူမျိုးအခြေပြု အဖွဲ့အစည်းများ၊ ကောင်စီများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

သတင်း

NUG နှင့် NUCC တို့အနေဖြင့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ပြည်သူများမှ ဆန့်ကျင်အာခံရန် ထုတ်ပြန်ထားသည်ကို တွေ့ရှိရပြီး ထိုစစ်မှုထမ်းဥပဒေကို ကန့်ကွက်ကြောင်းလက်မှတ်များ ကောက်ခံနေသည်ကိုလည်း တွေ့ရှိရကြောင််း တကသများ-ရန်ကုန်နှင့် က.လ.တ တို့က ဖော်ပြသည်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်ကို စစ်လက်နက်ပိတ်ဆို့မှုများလုပ်ဆောင်ရန် သံအမတ်ကြီးက ထပ်လောင်းတောင်းဆိုသည်။