Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို – မန္တလေးလမ်းပိုင်းတွင် စစ်ကားနှစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်အုပ်စု ပစ်ခတ်၍ ဒေသခံတစ်ဦးကျည်ထိမှန်

စစ်အုပ်စု၏ ပစ်ခတ်မှုများကြောင့် ဇီးတောကျေးရွာနှင့် အနီးရှိ ကျေးရွာများမှ ပြည်သူအများအပြားထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ရွှေဘို- မန္တလေးလမ်းပိုင်းတွင် စစ်ကားနှစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်အုပ်စု ပစ်ခတ်၍ ဒေသခံတစ်ဦးကျည်ထိမှန်
ရွှေဘို- မန္တလေးလမ်းပိုင်းတွင် စစ်ကားနှစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်အုပ်စု ပစ်ခတ်၍ ဒေသခံတစ်ဦးကျည်ထိမှန်

စစ်ကိုင်းတိုင်း၊ ရွှေဘို – မန္တလေးလမ်းပိုင်းပေါ်တွင် စစ်ကောင်စီယာဥ်နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်၍ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (စက်တင်ဘာ ၁၆ ရက်)မွန်းလွဲ ၂ နာရီခွဲခန့်က ရွှေဘိုမြို့ထဲမှ ထွက်လာသော အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူများသည် ကား (၂) စီးဖြင့် ရွှေဘို-မန္တလေးလမ်းအတိုင်းတောင်သို့ ထွက်လာခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဇီးတောကျေးရွာထိပ်၌ဆင်းချိန် ရွှေဘိုမြို့နယ် ပကဖ တိုက်နယ် (၅)အဖွဲ့က အဝေးထိန်း မိုင်း (၈)လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများနိုင်ကြောင်း ရွှေဘိုမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်ခဲ့၍ ပြည်သူအချို့လည်း ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ဇီးတောရွာက တယောက်ထိထားပါတယ်။မိန်းခလေးပါ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်အုပ်စု၏ ပစ်ခတ်မှုများကြောင့် ဇီးတောကျေးရွာနှင့် အနီးရှိ ကျေးရွာများမှ ပြည်သူအများအပြားထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ရွှေဘိုမြို့နယ်(ပကဖ)တိုက်နယ် (၅)အဖွဲ့ထံ ဆယ်သွယ်သော်လ​ည်း လက်တလောဆယ်သွယ်၍ မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

Facebook