Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကိုင်ရွာကို စစ်အုပ်စု မီးဝင်ရှို့၊ မင်းဝံတောင်ရိုးတစ်လျှောက် ရွာများမှ ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေရ

ဝက်လက်နယ်နှင့်စစ်ကိုင်းနယ်အရှေ့ခြမ်း၌ စစ်ကြောင်းထိုးဖျက်ဆီးနေသော စစ်ကောင်စီတပ်သည် ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ညနေပိုင်းတွင် စစ်ကိုင်းမြို့နယ်၊စဉ့်ကိုင်ရွာသို့ အင်အား၂၀၀ ခန့်ဖြင့် ပစ်ခတ်ဝင်ရောက်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj
ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စဥ့်ကိုင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ညနေပိုင်းတွင် ဝင်ရောက်မီးရှို့ဖျက်ဆီးသွားပြီး မင်းဝံတောင်ရိုးတကြောရှိ ကျေးရွာများမှ ဒေသခံပြည်သူထောင်ချီထွက်ပြေးနေရ၍ အခက်အခဲများကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ဝက်လက်နယ်နှင့်စစ်ကိုင်းနယ်အရှေ့ခြမ်း၌ စစ်ကြောင်းထိုးဖျက်ဆီးနေသော စစ်ကောင်စီတပ်သည် ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ညနေပိုင်းတွင် စစ်ကိုင်းမြို့နယ်၊စဉ့်ကိုင်ရွာသို့ အင်အား၂၀၀ ခန့်ဖြင့် ပစ်ခတ်ဝင်ရောက်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

စဥ့်ကိုင်ကျေးရွာသည် အိမ်ခြေ ၁၄၀ခန့်ရှိပြီး ရွာသူရွာသားများထွက်ပြေးခဲ့ရသဖြင့် ဆုံးရှုံးမှုအခြေအနေ မသိရသေးကြောင်း၊ စဥ့်ကိုင်ကျေးရွာအပြင် စစ်ကိုင်းမင်းဝံတောင်ရိုးတစ်လျှောက်ရှိကျေးရွာများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“စဥ့်ကိုင် တောင်ရွာ မြောက်ရွာ နှစ်ခုလုံး စခ များမီးရှို့သွားတယ် ဒီနေ့ညနေက။ စဥ့်ကိုင်ရွာအပြင် ပြေးရတဲ့ရွာ ဆယ်ရွာကျော်တယ်။ လူဦးရေထောင်ချီထွက်ပြေးနေရတယ်။ လိုအပ်တာတွေ အရမ်းများနေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်ကောင်စီတပ်သည် တလိုင်းရွာတွင်တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာ ဒုတိယပတ်အတွင်းက စစ်ကိုင်းနှင့်ဝက်လက်မြို့နယ်အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများပြုလုပ်နေသော စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များလည်း မကြာခဏထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာ၁၃ ရက်က ဝက်လက်မြို့နယ် ထန်းကြီးကျေးရွာနေ ဒေသခံပြည်သူလေးဦးအား မီးရှို့သတ်ဖြတ်သွားပြီး နေအိမ်ပေါင်း ၃၈၀ခန့်လည်း မီးရှို့ဖျက်ဆီးသွားခဲ့သည်။ ထို့အပြင် ထွက်မပြေးနိုင်သည့် မသန်စွမ်းတစ်ဦးလည်း မီးလောင်သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook