Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် စူပါမားကက် တစ်ခုမှာ ပစ်ခတ်မှုကြောင့် လူ ၁၀ ဦးဝန်းကျင် သေဆုံး

လူမှုကွန်ရက်ပေါ် ရောက်ရှိလာတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေထဲမှာတော့ အခင်းဖြစ်ရာ နေရာတဝိုက်မှာ ရဲအင်အား အမြောက်အမြား ဖြန့်ကျက်ထားတာ တွေ့ရပါတယ်။

အမေရိကန် စူပါမားကက် တစ်ခုမှာ ပစ်ခတ်မှုကြောင့် လူ ၁၀ ဦးဝန်းကျင် သေဆုံး
အမေရိကန် စူပါမားကက် တစ်ခုမှာ ပစ်ခတ်မှုကြောင့် လူ ၁၀ ဦးဝန်းကျင် သေဆုံး

အမေရိကန်က စူပါမားကက် တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၁၀ ဦးလောက် သေဆုံးသွားကြောင်း သိရပါတယ်။

ဗာဂျီးနီးယား ပြည်နယ်က ချက်ဆာပီရက်ကီမြို့မှာရှိတဲ့ Walmart စူပါမားကက်မှာ နိုဝင်ဘာ ၂၂ ရက်က ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ သေနတ်သမားဟာ စူပါမားကက်ရဲ့ စတိုခန်း မန်နေဂျာလို့ ယူဆရပြီး လူတွေကို ပစ်ခတ်ခဲ့တဲ့နောက် ကိုယ့်ကိုယ်ကိုယ်ပါ အဆုံးစီရင်သွားတယ်လို့ ရဲတွေက ပြောပါတယ်။

ချက်ဆာပီရက်ကီ မြို့တော်ဝန်ရုံးက ရဲတပ်ဖွဲ့ဟာ ပစ်ခတ်မှု သတင်းကြောင့် စူပါမားကက်ဆီ ချက်ချင်း သွားရောက်ခဲ့ကြောင်း ကြေညာထားပါတယ်။ အသေအပျောက် ဦးရေကို အတိအကျ မသိရသေးပေမယ့် ၁၀ ယောက်ထက် မပိုဘူးလို့ ရဲတွေက ပြောပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ပစ်ခတ်မှုဟာ စူပါမားကက် အဆောက်အအုံထဲမှာ ပေါ်ပေါက်ခဲ့ပြီး သေနတ်သမား တစ်ယောက်တည်းက ကျူးလွန်တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

လူမှုကွန်ရက်ပေါ် ရောက်ရှိလာတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေထဲမှာတော့ အခင်းဖြစ်ရာ နေရာတဝိုက်မှာ ရဲအင်အား အမြောက်အမြား ဖြန့်ကျက်ထားတာ တွေ့ရပါတယ်။

အမေရိကန်က ကော်လိုရာဒို ပြည်နယ်မှာရှိတဲ့ LGBT ဘားတစ်ခုမှာ ပစ်ခတ်မှုဖြစ်ပြီး ၅ ဦးသေ၊ ၁၇ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်အပြီး ရက်ပိုင်း အကြာမှာ အခုလို သတင်းမျိုး ထပ်ကြားခဲ့ရတာပါ။ ၂၀၁၉ ခုနှစ်ကလည်း တက္ကဆက်စ်ပြည်နယ်၊ အယ်လ်ပါဆိုမြို့က Walmart စူပါမားကက်မှာ ပစ်ခတ်မှု ဖြစ်ပွားရာက လူ ၂၃ ဦး သေဆုံးခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ရဲ့ တောင်းဆိုမှုတွေကို အမေရိကန်က မလိုက်လျောဘဲနဲ့တော့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမှာ မဟုတ်ဘူးလို့ အီရန်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။