Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူတွင် ဆိုင်ကယ်ကို တစ်ဦးတည်းသာစီးရန်နှင့် ညနေ ၆ နာရီနောက်ပိုင်းမစီးရန် စစ်ကောင်စီ တားမြစ်

ထိုသို့ကန့်သတ်လိုက်မှုကြောင့် ပြည်သူများသွားလာရေးအခက်အခဲများ ကြုံ​တွေ့ရမည်ဖြစ်ပြီး အလုပ်အကိုင်နှင့် စီးပွားရေးပါ ကျပ်တည်းလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

ပခုက္ကူတွင် ဆိုင်ကယ်ကို တစ်ဦးတည်းသာစီးရန်နှင့် ညနေ ၆ နာရီနောက်ပိုင်းမစီးရန် စစ်ကောင်စီ တားမြစ်
ပခုက္ကူတွင် ဆိုင်ကယ်ကို တစ်ဦးတည်းသာစီးရန်နှင့် ညနေ ၆ နာရီနောက်ပိုင်းမစီးရန် စစ်ကောင်စီ တားမြစ်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ယနေ့မှစ၍ ဆိုင်ကယ်စီးလျှင် တစ်ဦးတည်းသာစီးရန်နှင့် ညနေ ၆ နာရီမှ နောက်တစ်နေ့နံနက် ၈ နာရီအတွင်း ဆိုင်ကယ်စီးနင်းခြင်း လုံးဝမပြုရန် စစ်ကောင်စီ၏ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက တားမြစ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ Non CDM ဝန်ထမ်းများ၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ၊ ၎င်းတို့၏ရုံးဌာနများသို့ မိုင်းခွဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ ခံနေရကြောင်း၊ ထို​တိုက်ခိုက်မှူများကို မော်တော်ဆိုင်ကယ်ဖြင့် ပြုလုပ်နေကြောင်း စစ်ကောင်စီလက်အောက်ခံ ပခုက္ကူထွေအုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပခုက္ကူတွင် ဆိုင်ကယ်ကို တစ်ဦးတည်းသာစီးရန်နှင့် ညနေ ၆ နာရီနောက်ပိုင်းမစီးရန် စစ်ကောင်စီ တားမြစ်
ပခုက္ကူတွင် ဆိုင်ကယ်ကို တစ်ဦးတည်းသာစီးရန်နှင့် ညနေ ၆ နာရီနောက်ပိုင်းမစီးရန် စစ်ကောင်စီ တားမြစ်

ထို့ကြောင့် ယနေ့ (နိုဝင်ဘာ ၂၄ ရက်)ကစပြီး ပခုက္ကူမြို့နယ်အတွင်း နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်းသာ ဆိုင်ကယ်စီးနင်းရန်၊ ဆိုင်ကယ်စီးရာတွင် မောင်းနှင်သူတစ်ဦးတည်းသာစီးနင်းရန်၊ ညနေ၆ နာရီမှ နောက်တစ်နေ့နံနက် ၈ နာရီအတွင်း ဆိုင်ကယ်စီးနင်းခြင်း မပြုလုပ်ရန် စစ်ကောင်စီက ကန့်သတ်လိုက်သည်။

ထိုသို့ကန့်သတ်လိုက်မှုကြောင့် ပြည်သူများသွားလာရေးအခက်အခဲများ ကြုံ​တွေ့ရမည်ဖြစ်ပြီး အလုပ်အကိုင်နှင့် စီးပွားရေးပါ ကျပ်တည်းလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒုက္ခကတော့များတာပေါ့။ ဥပမာ ပစ္စည်းနောက်ကသယ်တဲ့သူတွေတို့ ဆိုင်ကယ်မစီးတတ်တဲ့သူတွေတို့ အတော်ဒုက္ခရောက်တယ်။ အလုပ်သမားတွေရော။ အမျိုးသမီးတွေနှစ်ယောက်မစီးရတာကြီးကတော့အတော်ဆိုးတယ်အခုလိုခေတ်ကြီး အမျိုးသမီးတစ်ယောက်တည်း သွားလာဖို့ဆိုတာ အန္တရာယ်များတယ်လေ။”ဟု ပခုက္ကူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီက ၎င်းတို့အား ဆန့်ကျင်မှုအားကောင်းသည့်နယ်ဒေသများတွင် ဆိုင်ကယ်အား နှစ်ယောက်မစီးရန် ကန့်သတ်ထားပြီး ဖမ်းဆီးစစ်ဆေးအရေးယူခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။