Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူတွင် ဆိုင်ကယ်ကို တစ်ဦးတည်းသာစီးရန်နှင့် ညနေ ၆ နာရီနောက်ပိုင်းမစီးရန် စစ်ကောင်စီ တားမြစ်

ထိုသို့ကန့်သတ်လိုက်မှုကြောင့် ပြည်သူများသွားလာရေးအခက်အခဲများ ကြုံ​တွေ့ရမည်ဖြစ်ပြီး အလုပ်အကိုင်နှင့် စီးပွားရေးပါ ကျပ်တည်းလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

ပခုက္ကူတွင် ဆိုင်ကယ်ကို တစ်ဦးတည်းသာစီးရန်နှင့် ညနေ ၆ နာရီနောက်ပိုင်းမစီးရန် စစ်ကောင်စီ တားမြစ်
ပခုက္ကူတွင် ဆိုင်ကယ်ကို တစ်ဦးတည်းသာစီးရန်နှင့် ညနေ ၆ နာရီနောက်ပိုင်းမစီးရန် စစ်ကောင်စီ တားမြစ်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ယနေ့မှစ၍ ဆိုင်ကယ်စီးလျှင် တစ်ဦးတည်းသာစီးရန်နှင့် ညနေ ၆ နာရီမှ နောက်တစ်နေ့နံနက် ၈ နာရီအတွင်း ဆိုင်ကယ်စီးနင်းခြင်း လုံးဝမပြုရန် စစ်ကောင်စီ၏ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက တားမြစ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ Non CDM ဝန်ထမ်းများ၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ၊ ၎င်းတို့၏ရုံးဌာနများသို့ မိုင်းခွဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ ခံနေရကြောင်း၊ ထို​တိုက်ခိုက်မှူများကို မော်တော်ဆိုင်ကယ်ဖြင့် ပြုလုပ်နေကြောင်း စစ်ကောင်စီလက်အောက်ခံ ပခုက္ကူထွေအုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပခုက္ကူတွင် ဆိုင်ကယ်ကို တစ်ဦးတည်းသာစီးရန်နှင့် ညနေ ၆ နာရီနောက်ပိုင်းမစီးရန် စစ်ကောင်စီ တားမြစ်
ပခုက္ကူတွင် ဆိုင်ကယ်ကို တစ်ဦးတည်းသာစီးရန်နှင့် ညနေ ၆ နာရီနောက်ပိုင်းမစီးရန် စစ်ကောင်စီ တားမြစ်

ထို့ကြောင့် ယနေ့ (နိုဝင်ဘာ ၂၄ ရက်)ကစပြီး ပခုက္ကူမြို့နယ်အတွင်း နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်းသာ ဆိုင်ကယ်စီးနင်းရန်၊ ဆိုင်ကယ်စီးရာတွင် မောင်းနှင်သူတစ်ဦးတည်းသာစီးနင်းရန်၊ ညနေ၆ နာရီမှ နောက်တစ်နေ့နံနက် ၈ နာရီအတွင်း ဆိုင်ကယ်စီးနင်းခြင်း မပြုလုပ်ရန် စစ်ကောင်စီက ကန့်သတ်လိုက်သည်။

ထိုသို့ကန့်သတ်လိုက်မှုကြောင့် ပြည်သူများသွားလာရေးအခက်အခဲများ ကြုံ​တွေ့ရမည်ဖြစ်ပြီး အလုပ်အကိုင်နှင့် စီးပွားရေးပါ ကျပ်တည်းလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒုက္ခကတော့များတာပေါ့။ ဥပမာ ပစ္စည်းနောက်ကသယ်တဲ့သူတွေတို့ ဆိုင်ကယ်မစီးတတ်တဲ့သူတွေတို့ အတော်ဒုက္ခရောက်တယ်။ အလုပ်သမားတွေရော။ အမျိုးသမီးတွေနှစ်ယောက်မစီးရတာကြီးကတော့အတော်ဆိုးတယ်အခုလိုခေတ်ကြီး အမျိုးသမီးတစ်ယောက်တည်း သွားလာဖို့ဆိုတာ အန္တရာယ်များတယ်လေ။”ဟု ပခုက္ကူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီက ၎င်းတို့အား ဆန့်ကျင်မှုအားကောင်းသည့်နယ်ဒေသများတွင် ဆိုင်ကယ်အား နှစ်ယောက်မစီးရန် ကန့်သတ်ထားပြီး ဖမ်းဆီးစစ်ဆေးအရေးယူခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲက အိုင်ကြီးရွာနဲ့ ပေါက်တော ရွာက်ို အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့်အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်အချို့ဆီက သိရပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။