Connect with us

Hi, what are you looking for?

သတင်း

ဘုရင့်နောင်ခုံးကျော်တံတားကို စစ်ကောင်စီ ဖြတ်သန်းခွင့်ပိတ်

ယနေ့(နိုဝင်ဘာ ၂၅ ရက်) နေ့လယ်ပိုင်းကစ၍ခုံးကျော်တံတားပေါ်မှ မရမ်းကုန်း- လှိုင်သာယာနှင့် လှိုင်သာယာ – မရမ်းကုန်း ယာဥ်ကြော နှစ်ခုစလုံး ဖြတ်သန်းခွင့် ပိတ်ထားခြင်းဟု ဆိုသည်။

(ဖြတ်သန်းခွင့် ပိတ်လိုက်သည့် ဘုရင့်နောင်ခုံးကျော်တံတားအား ၂၀၂၁ မတ်လအတွင်းက တွေ့ရစဉ်)
(ဖြတ်သန်းခွင့် ပိတ်လိုက်သည့် ဘုရင့်နောင်ခုံးကျော်တံတားအား ၂၀၂၁ မတ်လအတွင်းက တွေ့ရစဉ်)

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက်ရှိ ဘုရင့်နောင်ခုံးကျော်တံတားကို စစ်ကောင်စီက ဖြတ်သန်းခွင့် ပိတ်ပင်လိုက်ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(နိုဝင်ဘာ ၂၅ ရက်) နေ့လယ်ပိုင်းကစ၍ခုံးကျော်တံတားပေါ်မှ မရမ်းကုန်း- လှိုင်သာယာနှင့် လှိုင်သာယာ – မရမ်းကုန်း ယာဥ်ကြော နှစ်ခုစလုံး ဖြတ်သန်းခွင့် ပိတ်ထားခြင်းဟု ဆိုသည်။

“တံတားပေါ် ဗုံးတွေ့လို့ ပိတ်ထားတယ်လို့ ကြား တယ်။စခ ရော ၊ရခ တွေပါ တံတားထိပ်မှာ ရှိတယ်”ဟု မရမ်းကုန်းမြို့နယ် နေသူတစ်ဦးက ပြောသည်။

ခုံးတံတာပေါ်ရှိ စက္ကူပုံးပုံသဏ္ဍာန် အရာဝတ္ထုကို လုံခြုံရေးစည်းတားထားသည်ကို တွေ့ရှိကြောင်း လည်း မျက်မြင်တွေ့ရှိသူက အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဘုရင့်နောင်ဘက်ခြမ်းမှာ ရခတွေ နေရာယူ ထားတယ်။လှိုင်သာယဘက်အဆင်း မှာတော့ စခတွေ အင်အားအပြည့် ရှိတယ်။တံတားပေါ် တော့ ​ဘယ်ကားမှ အတက်မခံဘူး”ဟု ၎င်းက ရှင်းပြသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။