Connect with us

Hi, what are you looking for?

News

ဘုရင့်နောင်တံတားအနီးပစ်ခတ်မှုဖြစ်ပြီး​နောက် ရန်ကုန်မြို့တွင်းအစစ်အဆေးများ​နေ

ပစ်ခတ်မှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာ မသိရသေးသလို အဲဒီပစ်ခတ်မှုဖြစ်ပြီးနောက် ဘုရင့်နောင်တံတားဝန်းကျင်အပါအဝင် ရန်ကုန်မြို့တွင်းမှာ စစ်ကောင်စီတပ်တွေက ပိုက်စိပ်တိုက်စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

လှိုင်သာယာမြို့နယ်ဘက်အကူး ဘုရင့်နောင်တံတား အမှတ်(၂)ရှိ အကြမ်းဖက်စစ်ကောင်စီတပ်အစောင့်ဂိတ်တဲ ပစ်ခတ်ခံရပြီး ရဲတပ်သားနှစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သတင်းရှိပါတယ်။

ပစ်ခတ်မှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာ မသိရသေးသလို အဲဒီပစ်ခတ်မှုဖြစ်ပြီးနောက် ဘုရင့်နောင်တံတားဝန်းကျင်အပါအဝင် ရန်ကုန်မြို့တွင်းမှာ စစ်ကောင်စီတပ်တွေက ပိုက်စိပ်တိုက်စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

လသာမြို့နယ် အထက(၁) ကျောင်းအရှေ့၊ ဆေးရုံကြီးအရှေ့၊ Junction City ၊ရေကျော် YMBA ရှေ့နဲ့ အင်းစိန်လမ်းမပေါ်က ဆံရိပ်ငြိမ်မှတ်တိုင်းအနီးတွေမှာ လာသမျှယာဉ်တွေကိုတားပြီး စစ်ဆေးနေတာဖြစ်တယ်လို့ ဒေသအခြေစိုက် သတင်းရင်းမြစ်တွေမှာ ဖော်ပြပါတယ်။

စစ်ဆေးရာမှာ ကားနောက်ဖုံးတွေ ဖွင့်ခိုင်းခြင်း၊ လိုင်စင်စစ်ဆေးခြင်းအပြင် ပိုက်ဆံအိတ်နှင့် လက်ကိုင်ဖုန်းများကိုပါ စစ်ဆေးတာတွေလုပ်ဆောင်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူတွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့မနက် ၉ နာရီဝန်းကျင်ကဖြစ်ပွားတဲ့ ဘုရင့်နောင်တံတားအစောင့်ဂိတ်တဲ ပစ်ခတ်ခံရမှုမှာ အမှတ်(၉) လုံခြုံရေးရဲတပ်ဖွဲ့က တပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရှိတာကြောင့် ဆေးရုံပို့ထားရတယ်လို့ စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အမုန်းတရားကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ အသေခံ ကားဗုံးခွဲမှုနဲ့ နောက်ဆက်တွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ရဲ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ် မိုးဗြဲဒေသမှာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်ကို စုံစမ်းစစ် ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က မေလ ၁ရက်မှာ ပူးတွဲထုတ်ပြန်ပါတယ်။