Connect with us

Hi, what are you looking for?

News

လက်နက်အပြည့်အစုံဖြင့် CDM ဝင်လျှင် ကျပ်သိန်း၆၀ ချီးမြှင့်မည်၊ အချိန်မ​နှောင်းခင်ပြည်သူနှင့်ပူး​ပေါင်းကျရန် CDF ထန်တလန်တိုက်တွန်း

အချိန်မနှောင်းခင်တွင် ပြည်သူများနှင့် အတူပူးပေါင်းပြီး အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရာတွင်ပါဝင်ကြဖို့ လေးလေးနက်နက်တိုက်တွန်း လိုပါသည်”ဟု CDF-Thantlangက မေတ္တာရပ်ခံထားသည်။

လက်နက်အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းကာ စစ်ကောင်စီအား CDFနဲ့အတူတိုက်ထုတ်လိုသူနှင့် CDMဝင်ရောက်လာသူ တပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များအား ဆုငွေ ကျပ်သိန်း၆၀ ပေးအပ်မည်ဖြစ်ပြီး ကိုယ်လက်ဗလာပူးပေါင်းလာပါက ခိုလှုံခွင့်နှင့် လုံခြုံသည့်နေရာ ရောက်ရှိသည်အထိ တာဝန်ယူမည်ဖြစ်ကြောင်း CDF-Thantlangက ယ​နေ့ (စက်တင်ဘာ ၆) သတင်းထုတ်ပြန်သည်။

“အချိန်မနှောင်းခင်တွင် ပြည်သူများနှင့် အတူပူးပေါင်းပြီး အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရာတွင်ပါဝင်ကြဖို့ လေးလေးနက်နက်တိုက်တွန်း လိုပါသည်”ဟု CDF-Thantlangက မေတ္တာရပ်ခံထားသည်။

တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် စစ်ကောင်စီ၏ ပြည်သူများအပေါ် မတရားဖိနှိပ် ချုပ်ခြယ်သတ်ဖြတ်ရာတွင် လက်ပါးစေ အသုံးချခံဘဝအဖြစ်မှ ပြည်သူ့ဘက်တော်သားများအဖြစ်နှင့် အများပြည်သူအားကိုးထိုက်သောသူ အဖြစ်သို့ ကူးပြောင်းလိုသူ မည်သူမဆို CDF-Thantlangအနေဖြင့်လက်လှမ်းကြိုဆိုမည်ဖြစ်ကြောင်း အသိပေးထားသည်။

CDM ပြုလုပ်​သောတပ်မ​တော်သား နှစ်​ထောင်ဝန်းကျင်ရှိ​နေပြီဖြစ်သည်။ ထို့အပြင် ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်​ကောင်စီမှ စွန့်ခွာ၍ CDM ပြုလုပ်ကာ ပြုသူ့ရင်ခွင်ခုံလှုံသူများလာ​ကြောင်း CDM တပ်မ​တော်သားများကိုကူညီ​နေ​သော ပြည်သူ့ရင်ခွင်အဖွဲ့ မှသိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာဏာရှင်စစ်တပ်အောက်က ရုန်းထွက်အလင်းဝင်ကြဖို့ KIA တပ်မှူး တိုက်တွန်း

သတင်း

ချင်းပြည် (Chinland) ကောင်စီအစုအဖွဲ့ဝင် မြို့နယ်နဲ့ ဒေသအဖွဲ့အစည်းများ ပထမအကြိမ် တွေ့ဆုံပွဲ ပြုလုပ်ပြီး စစ်ရေးနိုင်ငံရေးမှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)များရဲ့ အခန်းကဏ္ဍ မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြောင်း တွေ့ဆုံပွဲ သတင်းထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

နိုင်ငံတကာ

အမေရိကန်က တရုတ်ဆီကို တကယ်တမ်း လက်နက်ရောင်းဖို့ အစီအစဉ် မရှိပါဘူးလို့ အိမ်ဖြူတော်က ရှင်းလင်းခဲ့ပါတယ်။

ဆောင်းပါး

ပြည်ပရောက် အတိုက်အခံနဲ့ CDM များကို စစ်အုပ်စုက ခြေရာခံပုံ