Connect with us

Hi, what are you looking for?

သတင်း

ညောင်ပင်ဝန်းရဲစခန်းကို PDFများပူး​ပေါင်းတိုက်ခိုက်

အပြန်အလှန်ပစ်ခက်မှုများရှိခဲ့ပြီး ပြည်သူ့ကားများ တိုက်ပွဲကြား ဖြတ်သန်းနေခြင်းကြောင့် ဆုတ်ခွာခဲ့ရကြောင်း GTR MMU အဖွဲ့ကဆိုသည်။

(ညောင်ပင်ဝန်းကျေးရွာအား တွေ့ရစဥ်။ ။ဓာတ်ပုံ-CJ)
(ညောင်ပင်ဝန်းကျေးရွာအား တွေ့ရစဥ်။ ။ဓာတ်ပုံ-CJ)

▪︎ပြည်သူ့ကားများဖြတ်နေ၍ ပြန်လည်ဆုတ်ခွာခဲ့ရဟုဆို

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာရှိ ရဲစခန်းအား လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြင်းမူအခြေစိုက် GTR MMU အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (နိုဝင်ဘာလ ၂၇ရက်) ညနေပိုင်းကစစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်ရှိညောင်ပင်ဝန်းရဲစခန်းအား လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ဝိုင်းပစ်ကာ တိုက်ခိုက်ခဲ့ကြောင်းအသိပေးထားသည်။

အပြန်အလှန်ပစ်ခက်မှုများရှိခဲ့ပြီး ပြည်သူ့ကားများ တိုက်ပွဲကြား ဖြတ်သန်းနေခြင်းကြောင့် ဆုတ်ခွာခဲ့ရကြောင်း GTR MMU အဖွဲ့ကဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ GTR MMU အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီးပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

ဒေသခံတစ်ဦးက”ပစ်ခက်သံတချို့လည်းကြားရတယ်။ လက်နက်ကြီးသံတွေပါ ကြားခဲ့ရတယ်။ ညနေ ၆ နာရီလောက်မှာ ပစ်ခတ်သံတွေငြိမ်သွားတယ်။”ပြောသည်။

မဟာမိတ်အဖွဲ့ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ထိုစစ်ဆင်ရေးကို စစ်ကိုင်းခရိုင်တပ်ရင်း၂ တပ်ခွဲ ၂ (GTR MMU, MMDF) ၊ စစ်ကိုင်းခရိုင်တပ်ရင်း ၂ တပ်ခွဲ၄ ( တိုက်နယ်စွန် )၊ မြင်းခြံခရိုင် တပ်ရင်း ၆ ဒေသခံမဟာမိတ်အဖွဲ့များ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းအသိပေးထားသည်။

ယမန်နေ့နံနက် ၇ နာရီဝန်းကျင်က ညောင်ပင်ဝန်းကျေးရွာအပါအဝင် စစ်ကိုင်းမြို့နယ်အတွင်းရှိ လက်ပံသာရွာ၊ ထိန်ကုန်းရွာ၊ မောင်းထောင်ရွာ၊ မအူပင်၊ သဖန်းသာ များသို့ စစ်ကောင်စီ စစ်ကြောင်းထိုးလာ၍ ပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောသည်။

စစ်ကောင်စီတပ်သည် မောင်းထောင်ရွာသားတစ်ဦးပိုင်ဆိုင်သည့် သခွားခင်းရှိ တဲများကိုမီးရှို့သွားခဲ့သည်။

ညနေ ၅ နာရီခန့်တွင် မောင်းထောင်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ မြိုင်လယ်ကျေးရွာများသို့စစ်ကောင်စီစစ်ကြောင်းရောက်ရှိလာ၍ ကျေးရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook