Connect with us

Hi, what are you looking for?

သတင်း

ရွာမီးရှို့ရန်လာ​သောစစ်​ကောင်စီတပ်ကို PDFများခုခံတိုက်ခိုက် စစ်​ကြောင်းပြန်ဆုတ်သွား

စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့အား​တောင်တွင်း-မင်းကင်းPDF( TDPDF) နှင့် ရွှေတြိဂံပကဖ တို့ကနိုဝင်ဘာလ ၂၇ရက်နံနက်တွင် ခုခံတိုက်ခိုက်ခဲ့​ကြခြင်းဖြစ်သည်။

(​တောင်တွင်း-မင်းကင်းပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-TDPDF)
(​တောင်တွင်း-မင်းကင်းပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-TDPDF)

မင်းကင်းမြို့နယ်၊ ပျားသုံး​ကျေးရွာကိုမီးလာရှို့​သော စစ်​ကောင်စီတပ်နှင့် ပျူ​စောထီးများကို ​မင်းကင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်များကနိုဝင်ဘာ ၂၇ ရက်တွင်ခုခံတိုက်ခိုက်ရာစစ်​ကောင်စီတပ်ပြန်ဆုတ်သွား​ကြောင်းတိုက်ခိုက်ခဲ့​သောPDF ​ခေါင်း​ဆောင်တစ်ဦးက​ပြောသည်။

” (စစ်​ကောင်စီတပ်က) ပျားသုံးကျေးရွာနဲ့ မလှမ်းမကမ်းက ကျော်ရွာမှာတပ်စွဲပြီး ရွာကို လာလာ ဖျက်ဆီးတာ။ ဒီတစ်ခါနဲ့ဆို ၆ ကြိမ်ရှိပြီ။ အိမ်တွေကို မီးရှို့တယ်။ တိုက်အိမ်တွေဆို ပေါက်ဆိန်တွေနဲ့ ဖြိုတာ။ ဒီတစ်ခါတော့ ကျွန်တော်တို့ ခံပစ်လို့ ပြန်ဆုတ်သွားတယ်”ဟု People Defence Force Taung Dwin-Minkin TDPDFမှ တာဝန်ရှိသူတစ်ဦးကPeople’s Spring သို့ပြောသည်။

စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့အား​တောင်တွင်း-မင်းကင်းPDF( TDPDF) နှင့် ရွှေတြိဂံပကဖ တို့ကနိုဝင်ဘာလ ၂၇ရက်နံနက်တွင် ခုခံတိုက်ခိုက်ခဲ့​ကြခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

မကြာခဏမီးရှို့ အကြမ်းဖက်ခံ​နေရ​သောပျားသုံးကျေးရွာဒေသခံများသည်စစ်ကောင်စီနှင့်ပျူစောထီးရန်ကို ကြောက်ရွံ့ကာ ရွာတွင်မနေရဲတော့ဘဲ တောတောင်များထဲတွင်တိမ်းရှောင်နေကြသည်။

Public Service Announcement

Public Service Announcement

ယခုကာလတွင်အအေးပိုလာ၍စစ်ဘေးရှောင်များအတွက် စောင်နှင့် အနွေးထည်များလိုအပ်နေသည်ဟု PDFတစ်ဦးကပြောသည်။

နိုဝင်ဘာ ၂၇ရက်က တိုက်ပွဲတွင် TDPDFတပ်ဖွဲ့က စမ်းသပ်ထုတ်လုပ်ထားသောလက်နက်ကြီးဖြင့်လည်းပစ်ကူတိုက်ခိုက်ခဲ့ပြီး PDFများ အထိအခိုက်မရှိကြောင်းလည်းတာဝန်ရှိသူက​ပြောသည်။

စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့ ထိခိုက်မှုရှိနိုင်​သော်လည်း ထိခိုက်​သေဆုံး​သောအ​ရေအတွက်ကိုမူအတည်မပြုနိုင်​ကြောင်းလည်း TDPDFကသတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook