Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်နယ် အင်းတိန်ရွာကို စစ်ကောင်စီတပ် ယနေ့ထပ်မံ မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ် စတင်ဝင်ရောက်ချိန်က ဒေသခံ ကာကွယ်ရေးတပ်အချို့က ခုခံတိုက်ခိုက်ခဲ့သော်လည်း လက်နက်အင်အား မမျှသည့်အပြင် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူဖြင့် နှစ်ရက်ဆက်တိုက်ခိုက်ခဲ့သည်။

နိုဝင်ဘာ ၂၈ရက်တွင် အလယ်တောရွာကို မီးရှို့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - TR
နိုဝင်ဘာ ၂၈ရက်တွင် အလယ်တောရွာကို မီးရှို့ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - TR

▪️လေကြောင်းမှ ဗုံးကြဲခဲ့သည့် လေသာရွာကို စစ်ကြောင်းထိုးနေပြီး မီးရှို့ခံရနိုင်ဖွယ်ရှိဟု ဒေသခံပြော၊ ထီးချိုင့် မြောက်ပြင်ဒေသရှိ ကျေးရွာများမှ ဒေသခံ သောင်းချီထွက်ပြေးတိမ်းရှောင်နေကြရ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ အင်းတိန်ကျေးရွာကို စစ်ကောင်စီတပ်သည် ယမန်နေ့ညနေပိုင်းက စတင် မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့နံနက်တွင်လည်း ထပ်မံမီးရှို့နေကြောင်း ဒေသခံကသတင်းပေးပို့သည်။

နိုဝင်ဘာ ၂၅ရက်တွင် ထီးချိုင့် ဆူးပုတ်ချောင်ရွာကို စစ်ကောင်စီတပ်က စတင်မီးရှို့ခဲ့ပြီး နိုဝင်ဘာ ၂၈ရက်တွင် အင်ကြင်းကုန်းရွာနှင့် အလယ်တောရွာကို မီးရှို့ခဲ့သည်။ ထို့နောက် ယမန်နေ့နံနက်က အင်းတိန်ရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ခဲ့ခြင်းဖြစ်သည်။

“အင်းတိန်ရွာကို မနေ့က စရှို့တာ အခုမနက် ကျန်တဲ့ဟာတွေကို ထပ်ပြီးတော့မှ ရှို့နေပါပြီ။ သူတို့ စိတ်ကြိုက်ရွေးပြီးတော့မှ လိုက်ရှို့နေတာပါ။ အခု အဲဒီက လေသာဆိုတဲ့ ရွာကြီးနားကို ကပ်ခဲ့ပြီ။ ဟိုတစ်နေ့က ဗုံးကြဲသွားတဲ့ လေသာရွာကို သူတို့ ဆက်ရှို့မယ်လို့ ယူဆရပါတယ်။ လေသာရွာဘက်ကို သူတို့ စစ်ကြောင်းထိုးနေပြီလို့ ကြားပါတယ်။ကျွန်တော်တို့ ပြည်သူတွေကတော့ အားလုံး ငိုပြီး ရပ်ကြည့်နေရပါတယ်”ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာများကို မီးရှို့နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“စစ်ဘေးရှောင်တွေကတော့ ကျေးရွာအသီးသီး အားလုံးပေါင်းဆို သောင်းချီနေပါပြီဗျ။ ထီးချိုင့်မြို့နယ် မြောက်ပြင် ဒေသ ခေါ်တာပေါ့။ မြောက်ပြင်ဒေသမှာက ရွာပေါင်း ၄၀ကျော်ရှိပါတယ်။အခု လေးရွာရှို့သွားတာ။ ရှို့တဲ့ ရွာတွေကအင်းတိန်ဆို ရွာကြီးပါဗျ။ အိမ်ခြေ ၅၀၀ ကျော်ရှိတယ်” ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ် စတင်ဝင်ရောက်ချိန်က ဒေသခံ ကာကွယ်ရေးတပ်အချို့က ခုခံတိုက်ခိုက်ခဲ့သော်လည်း လက်နက်အင်အား မမျှသည့်အပြင် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူဖြင့် နှစ်ရက်ဆက်တိုက်ခိုက်ခဲ့သည်။

ယနေ့ စစ်ကြောင်းထိုးနေသည့် လေသာရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၈ရက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားအချို့ထိခိုက်မှုရှိခဲ့သည်။

စစ်ကောင်စီတပ် လက်ချက်ကြောင့် ဒေသခံများ ၏ နေအိမ်များ၊ စပါးကျီများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့် လယ်ယာလုပ်ငန်းသုံး ကိရိယာများအပါအဝင် ပြည်သူလူထုပိုင် ပစ္စည်းများပျက်စီးဆုံးရှုံးခဲ့ရသည်။ စစ်ကောင်စီတပ်သည် ထီးချိုင့်အပါအဝင် စစ်ကိုင်းတိုင်းရှိ မြို့နယ်အများအပြားတွင် စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။