Connect with us

Hi, what are you looking for?

News

နိုင်ငံတော်ကိုအရေးပေါ်အခြေအနေအဖြစ် NUG ကြေညာ၊ မင်းအောင်လှိုင်စစ်တပ်ကို တစ်နိုင်ငံလုံးက တိုက်ထုတ်ကြဖို့ တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဟာ ဒီနေ့ ယနေ့(စက်တင်ဘာ ၇ ရက်)စတင်ကာ နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြောင်းကြေညာလိုက်ပါတယ်။

People's Spring
People's Spring

NUG ယာယီသမ္မတဒူဝါလရှီးလက အရေးပေါ်အခြေ အနေသက်ရောက်တဲ့နယ်မြေဟာ ပြည်ထောင်စုတစ်ဝန်းလုံးဖြစ်ပြီး အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာပြန်လည်ထူ ထောင်နိုင်တဲ့အချိန်အထိ သတ်မှတ်ထားကြောင်းနဲ့ အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တကွ စစ်အာဏာရှင်စနစ်ကို တစ်နိုင်ငံလုံးက တိုက်ထုတ်ကြဖို့လည်းတိုက်တွန်းကြောင်း ပြောကြားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်ရှိ ယာယီဖွင့်လှစ်ထားတဲ့ သားဖွားဆေးရုံကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်၊ အမျိုးသမီးအပါအ၀င် ၄ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်တပ်က စာသင်ကျောင်း ၃ ကျောင်းအနီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သက်ကြီးရွယ်အို ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းကြောင့် (၁၀)နှစ်အရွယ်ကလေး ၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်နဲ့ ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာအနီး ယိုးချောင်းတံတားတို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံပြည်သူ​ ၁၀ ဦးထက်မနည်း​သေဆုံးပြီး ဒဏ်ရာရသူ​တွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။