Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းတောင်ပိုင်းမှာ ဗုံးကွဲပြီး ၃ ဦးသေ၊ ၄ ဦး ဒဏ်ရာရ

ခွဲထွက်ရေး သူပုန် အဖွဲ့အစည်းတချို့ လှုပ်ရှားနေတာကြောင့် မတည်မငြိမ် အခြေအနေတချို့ ရင်ဆိုင်နေရတဲ့ ထိုင်းတောင်ပိုင်းက ရထားလမ်းဘေး တစ်နေရာမှာ ဗုံးကွဲမှု ဖြစ်ခဲ့တာလို့ ရဲတွေက ဒီဇင်ဘာ ၆ ရက်မှာ ပြောပါတယ်။

ထိုင်းတောင်ပိုင်းမှာ ဗုံးကွဲပြီး ၃ ဦးသေ၊ ၄ ဦး ဒဏ်ရာရ
ထိုင်းတောင်ပိုင်းမှာ ဗုံးကွဲပြီး ၃ ဦးသေ၊ ၄ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးသွားပြီး နောက်ထပ် ၄ ဦး ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။

ခွဲထွက်ရေး သူပုန် အဖွဲ့အစည်းတချို့ လှုပ်ရှားနေတာကြောင့် မတည်မငြိမ် အခြေအနေတချို့ ရင်ဆိုင်နေရတဲ့ ထိုင်းတောင်ပိုင်းက ရထားလမ်းဘေး တစ်နေရာမှာ ဗုံးကွဲမှု ဖြစ်ခဲ့တာလို့ ရဲတွေက ဒီဇင်ဘာ ၆ ရက်မှာ ပြောပါတယ်။

မလေးရှားနဲ့ နယ်စပ်နားက ဆွန်ခလာ ဒေသမှာ မီးရထားလမ်းပြင် လုပ်သား ၇ ဦးဟာ ဗုံးထိမှန်လို့ ပျက်စီးနေတဲ့ ရထားလမ်းပိုင်း တစ်နေရာကို ပြုပြင်ရင်း နောက်ထပ် ဗုံးပေါက်ကွဲမှုနဲ့ ကြုံခဲ့တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ဗုံးပေါက်ကွဲခဲ့ရာ နေရာနဲ့ မီတာ ၂၀၀ လောက် အကွာမှာ နောက်ထပ် ဗုံးတစ်လုံးကို ဝှက်ပြီး ထောင်ထားခဲ့တာလို့ သိရပါတယ်။

အခု ပေါက်ကွဲတဲ့ ဗုံးဟာ ပထမဗုံး ထောင်ထားခဲ့ချိန် ကတည်းက အဲဒီနေရာမှာ ရှိနေပြီး သတိမမူမိခဲ့တာ ဖြစ်နိုင်တယ်လို့ ဒေသခံ ရဲတပ်ဖွဲ့ရဲ့ ရဲမှူးကြီး ချတ်ချိုင် ချာနာဆစ်က ပြောပါတယ်။ မီးရထားလမ်းပြင် လုပ်သားတွေထဲမှာ ၃ ဦးက အသက်ဆုံးရှုံးသွားပြီး ကျန်တဲ့ ၄ ယောက်ကတော့ ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ အဲဒီ ဧရိယာ တဝိုက်မှာ နောက်ထပ် ထောင်ထားတဲ့ ဗုံးတော့ ရှာမတွေ့တော့ဘူးလို့ ချာနာဆစ်က အတည်ပြုသွားပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းနိုင်ငံ တောင်ပိုင်း နယ်မြေတချို့မှာ ၂၀၀၄ ခုနှစ်ကစလို့ အုံနဲ့ကျင်းနဲ့ မဟုတ်တဲ့ လက်နက်ကိုင် ခွဲထွက်ရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်နေပါတယ်။ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသတွေက ခွဲထွက်ရေး သူပုန်တွေဟာ ပိုမို ထိရောက်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်မျိုး ရရှိဖို့ လက်နက်ကိုင် တောင်းဆိုနေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူ့အသက်တွေ ဆုံးရှုံးနိုင်တဲ့ မြေအောင်း ဘက်တီးရီးယား ကူးစက်မှုတစ်ခု ဆိုးရွားလာတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အလေးအနက် သတိပေးထားပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ လောင်စာဆီ လက်ကျန် သိုလှောင်ထားနိုင်စွမ်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ပေးဖို့ အစိုးရကို ထိုင်းအတိုက်အခံ ခေါင်းဆောင်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အခုနှစ်အတွက် ခွေးရူးပြန်ရောဂါနဲ့ ပထမဆုံး သေဆုံးသူဟာ မြန်မာနိုင်ငံသားတစ်ဦး ဖြစ်ကြောင်း Straitstime သတင်းဌာနက​ဖော်ပြပါတယ်။

နိုင်ငံတကာ

ထိုင်းရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ် တစ်ခုမှာ မဲရေတွက်မှု မူမမှန်တဲ့ ကိစ္စတွေ ရှိနိုင်ကြောင်း စွပ်စွဲမှုတွေကြောင့် မဲတွေ ပြန်ရေတွက်ပေးဖို့ တောင်းဆိုမှုတွေ မြင့်တက်နေပါတယ်။