Connect with us

Hi, what are you looking for?

သတင်း

ဂျီနီဗာမှာလုပ်မယ့် ထိပ်သီးအစည်းအဝေး မြန်မာကို မဖိတ်ထား

အဲဒီအစည်းအဝေးကို ဒီဇင်ဘာလ ၁၂ ရက်ကနေ ၁၄ ရက်အထိ ကျင်းပမှာဖြစ်ပြီး ဂျီနီဗာမြို့မှာအခြေစိုက်တဲ့ ကုလသမဂ္ဂ အသိအမှတ်အပြု အစိုးရ ကိုယ်စားလှယ်တွေကိုသာ ဖိတ်ကြားထားတာလို့ သံရုံးက ဆိုထားပါတယ်။

ဂျီနီဗာမှာလုပ်မယ့် ထိပ်သီးအစည်းအဝေး မြန်မာကို မဖိတ်ထား
ဂျီနီဗာမှာလုပ်မယ့် ထိပ်သီးအစည်းအဝေး မြန်မာကို မဖိတ်ထား

ဆွတ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ဒီဇင်ဘာလ ဒုတိယပတ်အတွင်းကျင်းပမယ့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံကို ဖိတ်ကြားထားတာမရှိဘူးလို့ ရန်ကုန်မြို့မှာ ရှိတဲ့ ဆွတ်ဇာလန်သံရုံးက ထုတ်ပြန်ပါတယ်။

အဲဒီအစည်းအဝေးကို ဒီဇင်ဘာလ ၁၂ ရက်ကနေ ၁၄ ရက်အထိ ကျင်းပမှာဖြစ်ပြီး ဂျီနီဗာမြို့မှာအခြေစိုက်တဲ့ ကုလသမဂ္ဂ အသိအမှတ်အပြု အစိုးရ ကိုယ်စားလှယ်တွေကိုသာ ဖိတ်ကြားထားတာလို့ သံရုံးက ဆိုထားပါတယ်။

စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်နေတဲ့ Justice for Myanmar အဖွဲ့ကတော့ ကနဦးက အဲဒီအစည်းအဝေးကိုစစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာဝါဝါမောင် အွန်လိုင်းကနေ တက်ရောက်ဖို့ ရှိတယ်ဆိုတာကို ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် Justice for Myanmar က ကန့်ကွက်ခဲ့ပြီးနောက် ဆွတ်ဇာလန်သံရုံးက မြန်မာကိုဖိတ်ကြားတာမရှိဘူးလို့ ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ရက်ပိုင်း ဒီဇင်ဘာလ ၅ ရက်မှာ မြန်မာနိုင်ငံဆိုင်ရာ ဆွတ်ဇာလန်သံအမတ်ဟာ စစ်ကောင်စီရဲ့အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ကိုနေပြည်တော် မှာသွားရောက်တွေ့ဆုံထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။