Connect with us

Hi, what are you looking for?

သတင်း

မြန်မာမှ ဖမ်းဆီးခံအလုပ်သမားများ ချက်ချင်းလွှတ်ပေးရန် နိုင်ငံတကာအလုပ်သမားသမဂ္ဂအဖွဲ့များ တောင်းဆို

အဆိုပါ ဆန္ဒပြလှုပ်ရှားမှုကို ကမ္ဘာလုံးဆိုင်ရာသမဂ္ဂ (UNI)၊ အပြည်ပြည်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများအဖွဲ့(PSI) နှင့် အစားအသောက်၊ လယ်ယာမြေနှင့် ဟိုတယ်လုပ်ငန်းများသမဂ္ဂ (IUF) အဖွဲ့တို့ ပူးပေါင်း၍ တောင်းဆိုခဲ့ကြခြင်း ဖြစ်ကြောင်း IndustriALL Global Union အဖွဲ့အစည်း က ဖော်ပြခဲ့သည်။

ဓာတ်ပုံ - IndustriALL Global Union
ဓာတ်ပုံ - IndustriALL Global Union

အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံနေရသည့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၆ဝဦး အပါအဝင် ဖမ်းဆီးခံ ဒီမိုကရေစီအရေးတိုက်ပွဲဝင် တက်ကြွလှုပ်ရှားသူများကို ချက်ခြင်းလွှတ်ပေးရန် ယမန်နေ့(အောက်တိုဘာ ၁၁)က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ နိုင်ငံတကာအလုပ်သမား သမဂ္ဂအဖွဲ့များက တောင်းဆိုဆန္ဒပြခဲ့သည်။

နိုင်ငံတကာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များက “Relese All Imprisoned Trade Unionists in Myanmar Now” (မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့ အလုပ်သမားသမဂ္ဂတွေ အားလုံးကို လွှတ်ပေးပါ) စာသားနှင့် ဖမ်းဆီးခံ ​မြန်မာအလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၏ ရုပ်ပုံများ ကိုင်ဆောင်၍ တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့သည်။

ထို့အပြင် ဖမ်းဆီးခံ မြန်မာအလုပ်သမားသမဂ္ဂအဖွဲ့ဝင်များကို အကျဉ်းထောင်အတွင်း၌ ကျန်းမာရေးအပါအဝင် လုံခြုံစိတ်ချရသည့် အခြေအနေရရှိရန်နှင့် မိသားစုထံကို လုံခြုံစိတ်ချစွာ ပြန်နိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးရန်လည်း စုပေါင်းတောင်းဆိုခဲ့ကြသည်။

အဆိုပါ ဆန္ဒပြလှုပ်ရှားမှုကို ကမ္ဘာလုံးဆိုင်ရာသမဂ္ဂ (UNI)၊ အပြည်ပြည်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများအဖွဲ့(PSI) နှင့် အစားအသောက်၊ လယ်ယာမြေနှင့် ဟိုတယ်လုပ်ငန်းများသမဂ္ဂ (IUF) အဖွဲ့တို့ ပူးပေါင်း၍ တောင်းဆိုခဲ့ကြခြင်း ဖြစ်ကြောင်း IndustriALL Global Union အဖွဲ့အစည်း က ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။