Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာမှ ဖမ်းဆီးခံအလုပ်သမားများ ချက်ချင်းလွှတ်ပေးရန် နိုင်ငံတကာအလုပ်သမားသမဂ္ဂအဖွဲ့များ တောင်းဆို

အဆိုပါ ဆန္ဒပြလှုပ်ရှားမှုကို ကမ္ဘာလုံးဆိုင်ရာသမဂ္ဂ (UNI)၊ အပြည်ပြည်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများအဖွဲ့(PSI) နှင့် အစားအသောက်၊ လယ်ယာမြေနှင့် ဟိုတယ်လုပ်ငန်းများသမဂ္ဂ (IUF) အဖွဲ့တို့ ပူးပေါင်း၍ တောင်းဆိုခဲ့ကြခြင်း ဖြစ်ကြောင်း IndustriALL Global Union အဖွဲ့အစည်း က ဖော်ပြခဲ့သည်။

ဓာတ်ပုံ - IndustriALL Global Union
ဓာတ်ပုံ - IndustriALL Global Union

အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံနေရသည့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၆ဝဦး အပါအဝင် ဖမ်းဆီးခံ ဒီမိုကရေစီအရေးတိုက်ပွဲဝင် တက်ကြွလှုပ်ရှားသူများကို ချက်ခြင်းလွှတ်ပေးရန် ယမန်နေ့(အောက်တိုဘာ ၁၁)က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ နိုင်ငံတကာအလုပ်သမား သမဂ္ဂအဖွဲ့များက တောင်းဆိုဆန္ဒပြခဲ့သည်။

နိုင်ငံတကာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များက “ Relese All Imprisoned Trade Unionists in Myanmar Now” (မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့ အလုပ်သမားသမဂ္ဂတွေ အားလုံးကို လွှတ်ပေးပါ) စာသားနှင့် ဖမ်းဆီးခံ ​မြန်မာအလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၏ ရုပ်ပုံများ ကိုင်ဆောင်၍ တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့သည်။

ထို့အပြင် ဖမ်းဆီးခံ မြန်မာအလုပ်သမားသမဂ္ဂအဖွဲ့ဝင်များကို အကျဉ်းထောင်အတွင်း၌ ကျန်းမာရေးအပါအဝင် လုံခြုံစိတ်ချရသည့် အခြေအနေရရှိရန်နှင့် မိသားစုထံကို လုံခြုံစိတ်ချစွာ ပြန်နိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးရန်လည်း စုပေါင်းတောင်းဆိုခဲ့ကြသည်။

အဆိုပါ ဆန္ဒပြလှုပ်ရှားမှုကို ကမ္ဘာလုံးဆိုင်ရာသမဂ္ဂ (UNI)၊ အပြည်ပြည်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများအဖွဲ့(PSI) နှင့် အစားအသောက်၊ လယ်ယာမြေနှင့် ဟိုတယ်လုပ်ငန်းများသမဂ္ဂ (IUF) အဖွဲ့တို့ ပူးပေါင်း၍ တောင်းဆိုခဲ့ကြခြင်း ဖြစ်ကြောင်း IndustriALL Global Union အဖွဲ့အစည်း က ဖော်ပြခဲ့သည်။

You May Also Like

သတင်း

မနေ့ တနင်္လာနေ့ က ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကုလလူ့အခွင့်အရေးကောင်စီရဲ့အစည်းအဝေးမှာ တွန်အင်ဒရူးက ပြောလိုက်တာပါ။

သတင်း

စစ်ကောင်စီတပ်သည် အဆိုပါအမျိုးသမီးစွမ်းရည်မြင့်အလုပ်ရုံကို မတ်လ ၁၈ရက်ညနေတွင် အင်အားအများအပြားဖြင့် ဝင်​ရောက်စီးနင်းပြီး ဖျက်ဆီးခဲ့ခြင်းကြောင်း ဒေသခံများကပြောသည်။

သတင်း

မတ်လ ၁၇ရက်ကလည်း ပခုက္ကူခရိုင်တပ်ရင်းတစ်ခုမှ တပ်ခွဲတစ်ခုကိုလည်း လေကြောင်းတိုက်ခိုက်မှုများဖြင့်အားယူပြီး မြေပြင်စစ်ကြောင်းများက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်။ သို့သော် အဆိုပါ စခန်းမှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။

သတင်း

ပင်လောင်းမြို့နယ် နမ်းနိန်းရွာ၌ ပြည်သူ ၂၂ဦးကို စစ်ကောင်စီတပ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်ပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။