Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်အထိနာခဲ့​သော​မှော်ပုံရွာတိုက်ပွဲမှ ကျဆုံးPDF ရုပ်အ​လောင်းကိုသယ်ယူနိုင်ခဲ့

အဆိုပါတိုက်ပွဲတွင် စစ်​ကောင်စီတပ်မှ ဆယ်နှင့်ချီ၍သေဆုံးပြီးအထိနာခဲ့​ကြောင်း စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။ကချင်ပြည်နယ်အ​ခြေစိုက်ဒေသတွင်းမီဒီယာများက​ စစ်​ကောင်စီတပ်သား ၄၀ ၊ ၅၀ ဦးဝန်းကျင်​သေဆုံး​ကြောင်း​ဖော်ပြသည်။

(စစ်ဘေးရှောင်များ ခိုလှုံနေသော ဘုန်းကြီးကျောင်းကို စစ်ကောင်စီကလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပျက်စီးမှုများရှိခဲ့သည်။ ။ဓါတ်ပုံ-CJ)
(စစ်ဘေးရှောင်များ ခိုလှုံနေသော ဘုန်းကြီးကျောင်းကို စစ်ကောင်စီကလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပျက်စီးမှုများရှိခဲ့သည်။ ။ဓါတ်ပုံ-CJ)

​စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုများကာအထိနာခဲ့​​သော ဖားကန့်မြို့နယ်၊​မှော်ပုံ​ရွာတိုက်ပွဲတွင် ကျဆုံးခဲ့​သောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတပ်ဖွဲ့ဝင်တစ်ဦး၏ရုပ်အလောင်းကို KIA ၊ PDF ပူးပေါင်းအဖွဲ့က ပြန်လည်သယ်ယူနိုင်ခဲ့​ကြောင်း​ဒေသခံအချို့က​ပြောသည်ဩ

ဖားကန့်မြို့ မှော်ပုံကျေးရွာတွင်KIA ၊ PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်၏ အင်အားရာနှင့်ချီ​သောစစ်​ကြောင်းတို့ ဒီဇင်ဘာလ ၅ရက်ညမှစ၍ တိုက်ပွဲဖြစ်ခဲ့သည်။ ဒီဇင်ဘာလ ၆ရက်တိုက်ပွဲတွင် ဖားကန့်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲတွင် စစ်​ကောင်စီတပ်မှ ဆယ်နှင့်ချီ၍သေဆုံးပြီးအထိနာခဲ့​ကြောင်း စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။ကချင်ပြည်နယ်အ​ခြေစိုက်ဒေသတွင်းမီဒီယာများက​ စစ်​ကောင်စီတပ်သား ၄၀ ၊ ၅၀ ဦးဝန်းကျင်​သေဆုံး​ကြောင်း​ဖော်ပြသည်။

(စစ်ဘေးရှောင်များ ခိုလှုံနေသော ဘုန်းကြီးကျောင်းကို စစ်ကောင်စီကလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပျက်စီးမှုများရှိခဲ့သည်။ ။ဓါတ်ပုံ-CJ)
(စစ်ဘေးရှောင်များ ခိုလှုံနေသော ဘုန်းကြီးကျောင်းကို စစ်ကောင်စီကလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပျက်စီးမှုများရှိခဲ့သည်။ ။ဓါတ်ပုံ-CJ)

အဆိုပါတိုက်ပွဲတွင် KIA တပ်ဖွဲ့ဝင်တစ်ဦးနှင့်PDF တစ်ဦးကျဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

” စစ်​ေ-တွေဘက်က ဘယ်လောက်ကျလဲ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့ လူငယ်တစ်ဦး ကျဆုံးခဲ့တယ်။ သူ့ရုပ်အလောင်းကို ရအောင်ဆွဲထုတ်ယူခဲ့တယ်” ဟု ဖားကန့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီစပ်သူတစ်ဦးကပြောသည်။

မှော်ပုံကျေးရွာအတွင်း ဒီဇင်ဘာလ ၆ရက်ကတိုက်ပွဲတွင် အထနာသွား​သောစစ်ကောင်စီတပ်က အရပ်သားများကို ဖမ်းဆီးပြီး ဒီဇင်ဘာလ ၇ ရက်နံနက်တွင် ဆုတ်ခွာသွားခဲ့သည်။ မှော်ပုံကျေးရွာဘုန်းကြီးကျောင်းမှ စစ်ဘေးရှောင် ၂၁ဦးကို လူသားတံတိုင်းပြုလုပ်ကာ ဖမ်းဆီးသွားပြီး ယင်းတို့ထဲမှ ၁၁ဦး ပြန်လွှတ်ပေးခဲ့သည်။ ဖမ်းဆီးခံထားရဆဲ ၁၀ဦးစလုံးသည် အမျိုးသမီးများဖြစ်ကြောင်း ​ဒေသခံအချို့ကပြောသည်။

ဒီဇင်ဘာ ၆ ရက်ညကတိုက်ပွဲတွင် စစ်ကောင်စီက လက်နက်ကြီးအများအပြားအသုံးပြု၍ တိုက်ခိုက်ခဲ့သော်လည်း KIA ၊ PDF ပူးပေါင်းအဖွဲ့က အကောင်းဆုံးတုန့်ပြန်တိုက်ခိုက်နိုင်ခဲ့သည်ဟုဒေသခံများက ချီးကျုးနေကြသည်။ စစ်ကောင်စီတပ် ဆုတ်ခွာသွားပြီးနောက် လတ်တလောတွင် ဖားကန့်၌ တိုက်ပွဲများ ငြိမ်သက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။