Connect with us

Hi, what are you looking for?

သတင်း

ကုန်းသာရွာ တိုက်ပွဲ KRU ရဲ​ဘော်တစ်ဦးကျဆုံး

ဒီဇင်ဘာ ၇ရက်က ကုန်းသာကျေးရွာသို့ အင်အား ၂၀၀ ခန့်ပါစစ်ကြာင်းသုံးခု ဖြင့်ထိုးစစ်ဆင်လာသည့်စစ်ကောင် စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) တို့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(ကျဆုံးခဲ့​သော KRU တပ်ဖွဲ့ဝင် သန်းထိုက်ဇော် (ခ) အယ်လွမ်း ။ ဓါတ်ပုံ-KRU)
(ကျဆုံးခဲ့​သော KRU တပ်ဖွဲ့ဝင် သန်းထိုက်ဇော် (ခ) အယ်လွမ်း ။ ဓါတ်ပုံ-KRU)

ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာတိုက်ပွဲ၌ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ကရင်နီတော် လှန်ရေးတပ်ပေါင်းစု (KRU) က ယနေ့(ဒီဇင်ဘာ ၁၀ ရက်)တွင် ထုတ်ပြန်သည်။

ဒီဇင်ဘာ ၇ရက်က ကုန်းသာကျေးရွာသို့ အင်အား ၂၀၀ ခန့်ပါစစ်ကြာင်းသုံးခု ဖြင့်ထိုးစစ်ဆင်လာသည့်စစ်ကောင် စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) တို့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ပျောက်ဆုံးနေတယ်လို့ပဲ အသိပေးထားတဲ့ ရဲဘော်ပါ။ဒါပေမယ့် ဒီနေ့သူကျသွားတာကို အတည်ပြုနိုင်လို့ထုတ်ပြန်တာပါ”ဟု KRU တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ကျဆုံးခဲ့သည့်ရဲဘော်မှာ KRUလက်အောက်ခံGZ-21(Loikaw) မှ ရဲဘော်မောင် သန်းထိုက်ဇော် (ခ) အယ်လွမ်း အသက်(၂၁)နှစ် ဖြစ်သည်။

Public Service Announcement

Public Service Announcement

ရဲဘော်အယ်လွမ်းကျဆုံးခဲ့သည့်တိုက်ပွဲ၌စစ်ကောင်စီတပ်မှငါးဦးသေဆုံးကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU) က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်းထောင်ထားသောမိုင်းများနင်းမိ၍စစ်သားလေးဦးသေဆုံးပြီးအများအပြားဒဏ်ရာရပြီး အနီးကပ်ပစ်ခေတ်မှုအတွင်းတစ်ဦးထပ်မံသေဆုံးသည်ကိုKRUကအသိ​ပေးသည်။

လက်ရှိအချိန်ထိ ကုန်းသာကျေးရွာတွင်စစ်ကောင်စီတပ်နှင့် KRU တို့ စစ်ဆိုင်းထားဆဲဖြစ်ကာ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်၍ကျည် ၊ခဲယမ်းများအမြန်ဆုံးကူညီပေးကြရန်လည်းKRU ကမေတ္တာရပ်ခံသည်။

နိုဝင်ဘာ ၂၈ ရက်နေ့ကစ၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF မှဦးဆောင် ၍ ကရင်နီတပ်မတော် (KA) ၊အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး တပ်ဖွဲ့၊ DMO PDF၊ Loikaw PDF တို့နှင့်အတူ အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသော ဒီးမော့ဆိုမြို့နယ် ကုန်းသာ၊သေးဆူလဲ၊ပူဖားနှင့်ဒေါကမီးကျေးရွာများတွင် နယ်မြေစိုးမိုးရေး ပူးပေါင်းစစ်ဆင်ရေးအဖြစ် တိုက်စစ်ဆင်ခဲ့သည်။

ထိုတိုက်အထိနာခဲ့သည့်စစ်ကောင်စီတပ်သည် မြေပြင် ၊ ဝေဟင် ပစ်ကူများဖြင့် ဆုံးရှုံးခဲ့သည့်နယ်မြေ များကိုပြန်လည်ရယူရန် ယခုလ ၃ ရက်ကစ၍ ထိုးစစ်ဆင်နေခြင်းလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။