Connect with us

Hi, what are you looking for?

သတင်း

မသောက်မိသောမိုးခါးရေ ရုပ်ရှင် အွန်လိုင်းကပြသမည်

ဒီဇင်ဘာ ၂၅ ရက် နံနက် ၆ နာရီမှစတင်ကြည့်ရှုနိုင်မည်ဖြစ်ပြီး ၄၈ နာရီအကြာတွင် အလိုအလျောက်ပိတ်သွားမည်ဟု ကြေညာထားသည်။

မသောက်မိသောမိုးခါးရေ ရုပ်ရှင် အွန်လိုင်းကပြသမည်
မသောက်မိသောမိုးခါးရေ ရုပ်ရှင် အွန်လိုင်းကပြသမည်

“မသောက်မိသောမိုးခါးရေ” ရုပ်ရှင်ကို အွန်လိုင်းက ကြည့်ရှုနိုင်မည်ဖြစ်ပြီး လက်မှတ်ခ တစ်သောင်းသတ်မှတ်ထားသည်။

“မကြာမီရုပ်ရှင်ကြည့် လို့ရပါတော့မယ်။ “မသောက်မိသော မိုးခါးရေ “ page တွင်ဝင်ဝယ်ပါ။” ဟု ကိုပေါက်ကအသိပေးထားသည်။

ယင်းဇာတ်ကားကို အွန်လိုင်း၌ ဒီဇင်ဘာ ၂၅ ရက်တွင် စတင်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း အဆိုပါရုပ်ရှင်၏ ပေ့ခ်ျ၌ ကြေညာထားသည်။

ရုပ်ရှင်လက်မှတ်၌ ပါဝင်သည့် QR ကို Scan ဖတ်၍ ရုပ်ရှင်ကြည့်ရှုနိုင်မည့် Website သို့ရောက်ရှိမည်ဖြစ်ပြီး လက်မှတ်တွင်ပါဝင်သော နံပါတ်၏ နောက်ဆုံး ခြောက်လုံးကို ရိုက်ထည့်၍ ရုပ်ရှင်ကြည့်ရှုနိုင်မည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၂၅ ရက် နံနက် ၆ နာရီမှစတင်ကြည့်ရှုနိုင်မည်ဖြစ်ပြီး ၄၈ နာရီအကြာတွင် အလိုအလျောက်ပိတ်သွားမည်ဟု ကြေညာထားသည်။

မသောက်မိသောမိုးခါးရေ ရုပ်ရှင်ကို နိုင်ငံပေါင်း နှစ်ဆယ်ကျော်၏ မြို့ပေါင်း ၅၀ ကျော်တွင် ပြသပေးခဲ့ပြီး ယင်းရုပ်ရှင်မှ ရရှိလာသည့် ငွေများအနက် ပထမဆုံးအကြိမ်အဖြစ် ကျပ်သိန်း ၄၆၀၀ ကို နိုဝင်ဘာ လကုန်ပိုင်း၌ တော်လှန်ရေး အဖွဲ့များသို့ လှူဒါန်းခဲ့သည်။

ယင်းရုပ်ရှင်သည် CDM ဗိုလ်ကြီးတစ်ဦးအကြောင်းကို အခြေခံရိုက်ကူးထားခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များက ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားကာ ဇာတ်ကားတစ်ကားလုံးကို iPhone ဖြင့် ရိုက်ကူးထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

"The White Balloon ကို ခံစားခြင်း"

သရော်စာ

လော့စ်အိန်ဂျလိစ် (Los Angeles) ရဲ့ နံနက်ခင်းတစ်ခု... ဘီဗာလီဟေးလ်စ် (Beverly Hills)က ခမ်းနားတဲ့ အိမ်ကြီးထဲမှာ ဟောလိဝုဒ် နာမည်ကျော် မင်းသမီးကြီး ဒယ်မီမိုး (Demi Moore) ဟာ ကော်ဖီခွက်ကိုင်ရင်း ဖုန်းမျက်နှာပြင်ပေါ်က သတင်းတွေကို မျက်မှောင်ကြုံ့ကာ ကြည့်နေတယ်။

သတင်း

ပြည်သူဘက်ကိုရပ်တည်ခဲ့တဲ့ တော်လှန်အနုပညာရှင် ဒေါင်းရဲ့ ဒုတိယမြောက် ထိုင်း ဇာတ်လမ်းတွဲကို ဇူလိုင် ၂၄ ရက်မှာ စတင်ထုတ်လွှင့်တော့မှာပါ။

ဆောင်းပါး

စစ်အာဏာသိမ်းကာလမှာ ယက်ကန်ယက်ကန်နဲ့ သွားနေရတဲ့ မြန်မာရုပ်ရှင်တွေဟာ တစ်ကားပြီးတစ်ကား အရှုံးတွေဆက်ကာ ရုံတင်နေရတာကြာပါပြီ။ ဒါပေမဲ့ ပြီးခဲ့တဲ့ သောကြာနေ့မှာ ရုံတင်ခဲ့တဲ့ တန်းဝင်မင်းသား နေတိုးရဲ့ ဖွားဖက်တော် ရုပ်ရှင်ကတော့ ကြည့်ရှုသူ ဆိုးဆိုးရွားရွားနည်းပါးခဲ့ပါတယ်။