Connect with us

Hi, what are you looking for?

သတင်း

ကောလင်းတွင် ဖမ်းဆီးရမိသည့်ဘိန်းဖြူများအား ပအဖ မီးရှို့ဖျက်ဆီး

ကောလင်းမြို့နယ်တွင် မူးယစ်ဆေးဝါးသယ်ယူပို့ဆောင် ရောင်းချခြင်းများအား ကောလင်း(ပအဖ)အဖွဲ့က တင်းကြပ်စွာသတိပေးထားသည်။

ဖမ်းဆီးရမိသောဘိန်းဖြူများအား ဖျက်ဆီးနေစဥ်၊ဓာတ်ပုံ- ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)
ဖမ်းဆီးရမိသောဘိန်းဖြူများအား ဖျက်ဆီးနေစဥ်၊ဓာတ်ပုံ- ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ဖမ်းဆီးရမိသော ဘိန်းဖြူပါ ဆိပ်ပြာခွက်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)က အသိပေးထုတ်ပြန်သည်။

ဒီဇင်ဘာ ၄ ရက်က ကောလင်းမြို့နယ်ပြည်သူ့လုံခြုံရေး (ပလဖ)အဖွဲ့ ဖမ်းဆီးရမိခဲ့သောဘိန်းဖြူဆပ်ပြုခွက် ၁၀၀ကျော်ကို ဒီဇင်ဘာ ၁၃ ရက် မွန်းတည့် ၁၂ နာရီခန့်က မြို့နယ်အဖွဲ့အစည်းများနှင့် ရပ်ကျေးတာဝန်ခံများရှေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကောလင်း(ပအဖ)အဖွဲ့က အသိပေးသည်။

ဖမ်းဆီးရမိသည့်တရားခံများကို ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကောလင်း(ပအဖ)အဖွဲ့က ဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

ကောလင်းမြို့နယ်တွင် မူးယစ်ဆေးဝါးသယ်ယူပို့ဆောင် ရောင်းချခြင်းများအား ကောလင်း(ပအဖ)အဖွဲ့က တင်းကြပ်စွာသတိပေးထားသည်။

Public Service Announcement
Public Service Announcement

ထိုမူးယစ်ဆေးဝါးများကို ဒီဇင်ဘာ ၄ ရက်က ကောလင်းမြို့နယ် ဗျူဟာလမ်းပိုင်းတစ်နေရာတွင် မန္တလေးမြို့မှပြန်လာသော ပါဂျဲရိုးကားတစ်စီးအား ကောလင်း(ပလဖ)က ရှောင်တစ်ခင်စစ်ဆေးခဲ့ရာ ဘိန်းဖြူဟု ဆပ်ပြာခွက် ၁၁၀အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါကားပေါ်မှ ကျောက်စိမ်းဟုယူဆရသော ကျောက်(၂၃)လုံး၊ သွေးပြီးသားကျောက်ချော (၉)လုံး၊ ဖုန်း နှစ်လုံး၊ Tablet တစ်လုံး၊Laptop တစ်လုံး၊ ကီးဘုတ် နှစ်ခု Gram ချိန်စက် တစ်လုံး၊ ကျောက်ကြည့်ဓာတ်မီး တစ်လုံး၊ ဓား တစ်လက် ၊တော်ပါပြောင်း တစ်ခု၊ ကျပ် ၁၆သိန်းကျော်၊ ပိုက်ဆံအိတ် သုံးခု၊ အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာ၊ATM ကတ် တစ်ခုတို့အား ကောလင်း ပလဖ)က သယ်ဆောင်လာသူနှစ်ဦးနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ကောလင်းပအဖအဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။