Connect with us

Hi, what are you looking for?

သတင်း

ရှဒူးဇွပ်တပ်မှ စစ်ယာဉ်တန်းကို KIA တိုက်ခိုက်ရာ သေဆုံးထိခိုက်မှုရှိ

KIA အမှတ်(၂) တပ်မဟာအမှတ်(၄၃) တပ်ရင်းနယ်မြေ နန့်ဖျက်ကျေးရွာနှင့် ကောင်ရာကျေးရွာအကြား၌ ဒီဇင်ဘာ ၁၇ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ် ယာဉ်တန်းကို KIAက နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

KIA ရဲဘော်များနှင့် မီးရှို့ဖျက်ဆီးခဲ့သော စခန်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - The Kachin Net's Post
KIA ရဲဘော်များနှင့် မီးရှို့ဖျက်ဆီးခဲ့သော စခန်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - The Kachin Net's Post

▪️ပြည်သူ့စစ် တပ်စခန်းဟောင်းကို KIA မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ် ဖားကန့် မြို့နယ် ရှဒူးဇွပ်အခြေစိုက် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့၏ ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့နံနက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

KIA ရဲဘော်များနှင့် မီးရှို့ဖျက်ဆီးခဲ့သော စခန်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - The Kachin Net's Post
KIA ရဲဘော်များနှင့် မီးရှို့ဖျက်ဆီးခဲ့သော စခန်းအား တွေ့ရစဉ်၊ ဓာတ်ပုံ – The Kachin Net’s Post

KIA အမှတ်(၂) တပ်မဟာအမှတ်(၄၃) တပ်ရင်းနယ်မြေ နန့်ဖျက်ကျေးရွာနှင့် ကောင်ရာကျေးရွာအကြား၌ ဒီဇင်ဘာ ၁၇ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ် ယာဉ်တန်းကို KIAက နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ရှဒူးဇွပ်စစ်ကောင်စီတပ် ခလရ (၂၉၇)နှင့် ပြည်သူ့စစ်ပူးပေါင်းတပ် အင်အား ၁၀၀ ခန့်ပါဝင်သည့်အဖွဲ့သည် စစ်အင်အားနှင့် စစ်လက်နက် အသုံးအဆောင်များ တင်ဆောင်ကာ လှုပ်ရှားလာစဉ် KIAက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်မှုရှိခဲ့ပြီး လက်နက်ကြီးများဖြင့် အနီးဝန်းကျင်သို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြ သည်။

KIA ရဲဘော်များနှင့် မီးရှို့ဖျက်ဆီးခဲ့သော စခန်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - The Kachin Net's Post
KIA ရဲဘော်များနှင့် မီးရှို့ဖျက်ဆီးခဲ့သော စခန်းအား တွေ့ရစဉ်၊ ဓာတ်ပုံ – The Kachin Net’s Post

အလားတူ KIA အမှတ်(၁၄)တပ်ရင်းနယ်မြေ တနိုင်းမြို့နယ် လမုန်ကျေးရွာရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်၏ တပ်စခန်းဟောင်းတစ်ခုကို ဒီဇင်ဘာ ၁၆ရက်ညပိုင်းတွင် KIA တပ်ဖွဲ့က သွားရောက်မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။