Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းအဖွဲ့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်

နယ်မြေရှင်းလင်းရန်သွားရောက်သည့် တော်လှန်ရေးရဲဘော်လေးဦးအနက်မှ တစ်ဦးကျဆုံးပြီး သေနတ်တစ်လက်၊ကျည်ဘောက်ငါးခု အပါအဝင် ကျည် (၁၈၀)ခန့်နှင့် လက်ပစ်ဗုံးတစ်လုံးဆုံးရှုံးခဲ့ကြောင်း ဗိုလ်အောင်မောင်းက ရှင်းပြသည်။

(သဲတောရွာမီးလောင်ပြင်မှ အရိုးစုအချို့နှင့် ဆုံးရှုံးခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - ပေးပို့)
(သဲတောရွာမီးလောင်ပြင်မှ အရိုးစုအချို့နှင့် ဆုံးရှုံးခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - ပေးပို့)

စစ်ကောင်စီတပ်မှ လေးဦးသေပြီး တော်လှန်ရေး ရဲဘော်တစ်ဦးကျဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ် သဲတောကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်နေသော စစ်ကောင်စီတပ်အား မဟာမိတ်တပ်ဖွဲ့များနှင့်အတူ နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ကြောင်း Southern YSO PDFက ပြောသည်။

ဒီဇင်ဘာ ၁၉ ရက်နံနက် ၉ နာရီခန့်က အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို မြိုင်နှင့် ပခုက္ကူမြို့နယ်များမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(သဲတောရွာမီးလောင်ပြင်မှ အရိုးစုအချို့နှင့် ဆုံးရှုံးခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - ပေးပို့)
(သဲတောရွာမီးလောင်ပြင်မှ အရိုးစုအချို့နှင့် ဆုံးရှုံးခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ – ပေးပို့)

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်က သဲတောရွာအား မီးရှို့ဖျက်ဆီး၊ ခိုးဆိုးလုယက်ကာ ရွှေလှေကားကျေးရွာဘက် တပ်ဆုတ်သွားစဥ် နယ်မြေခံတော်လှန်ရေး ရဲဘော်လေးဦးက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရန် သောတဲရွာသို့ဝင်ရောက်ခဲ့ရာ စစ်ကောင်စီတပ်ကင်းပုန်းနှင့်တိုးပြီး တိုက်ပွဲထပ်ဖြစ်ခဲ့ကြောင်း Southern YSO PDF မှ ဗိုလ်အောင်မောင်းက ပြောသည်။

နယ်မြေရှင်းလင်းရန်သွားရောက်သည့် တော်လှန်ရေးရဲဘော်လေးဦးအနက်မှ တစ်ဦးကျဆုံးပြီး သေနတ်တစ်လက်၊ကျည်ဘောက်ငါးခု အပါအဝင် ကျည် (၁၈၀)ခန့်နှင့် လက်ပစ်ဗုံးတစ်လုံးဆုံးရှုံးခဲ့ကြောင်း ဗိုလ်အောင်မောင်းက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အလားတူ တော်လှန်ရေးရဲဘော်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်အဆင့်အရာရှိတစ်ဦးအပါအဝင် လေးဦးသေဆုံးပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားသည်ဟု Southern YSO PDFက ဆိုသည်။

ထို့ကြောင့် ဒီဇင်ဘာ ၁၉ ရက်နှင့် ၂၀ ရက် တိုက်ခိုက်ခံရ၍ အထိနာသွားသော စစ်ကောင်စီတပ်သည် အင်အားများထပ်မံဖြည့်တင်းခဲ့ပြီး သဲတောရွာနှင့် အခြားကျေးရွာနှစ်ရွာတွင် တပ်ဖြန့်ထားရာ ထိတွေ့တိုက်ပွဲများဆက်ဖြစ်လာနိုင်ကြောင်း YSO PDF က ခန့်မှန်းသည်။

“ဆုံးရူံးသွားတဲ့ လက်နက်တွေရယ် ကျဆုံးသွားတဲ့ ရဲ ဘော်တွေအတွက် တရားမျှတမှုလိုချင်တယ်။ သွေးကြွေးကို သွေးနဲ့ပဲ ဆပ်ရလိမ့်မယ်။ အာဏာရှင် စ…(စစ်ကောင်စီတပ်သား)တွေကို ကမ္ဘာမကြေဘူး”ဟု Southern YSO PDF မှ ဗိုလ်အောင်မောင်းက မှတ်ချက်ပေးသည်။

စစ်ကောင်စီတပ်သည် ရေစကြိုမြို့နယ် သဲတောကျေးရွာသို့ဝင်ရောက်စဥ် နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဒေသခံပြည်သူသုံးဦးကိုပါ မီးရှို့အလောင်းဖျောက်ခဲ့ဟန်ရှိပြီး မီးလောင်းပြင်တွင် အရိုးစုများကျန်ရစ်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။