အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံတွေက နိုင်ငံရေးပါတီတွေတက်ရောက်မယ့် တရုတ်ကွန်မြူနစ်ပါတီရဲ့အွန်လိုင်းအစည်းအဝေးတစ်ရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) တက်ရောက်မယ်လို့ ယင်းပါတီလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ(CPC)ဟာ မြန်မာနိုင်ငံက NLD အပါအဝင် ပါတီ ၄ ခုကို ဖိတ်ကြားခဲ့ပြီး “နိုင်ငံရေးပါတီများ ပေါင်းစည်းစွမ်းအားနှင့်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” ခေါင်းစဉ်နဲ့ မနက်ဖြန် (စက်တင်ဘာ ၉ ရက်)မှာ အွန်လိုင်းကနေအစည်းအဝေးပြုလုပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။
“တရုတ်ကွန်မြူနစ်ပါတီက အီးမေးလ်ကတစ်ဆင့် ပါတီကို ဖိတ်ကြားတာပါ။ ကျွန်တော်တို့ဆီက လည်း အစည်းအဝေးကို တက်ရောက်မှာပါ။ ပြည်ခိုင်ဖြိုးပါတီတော့ ပါမယ်ထင်တယ်။ ကျန်နှစ်ပါ တီတော့ မသိဘူး” လို့ NLD လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့အစည်းအဝေးဖိတ်ကြားမှုနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုချက်တော့ မရရှိသေးပါဘူး။

Public Service Announcement
ပြီးခဲ့တဲ့လက ဧရာ၀တီသတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ တရုတ်အစိုးရဟာ မြန်မာနိုင်ငံမှာ NLD ပါတီမဖျက်သိမ်းရေးအတွက် အာဏာသိမ်းစစ်တပ်ကို ပြောကြားထားတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အစောပိုင်းက NLD ပါတီဖျက်သိမ်းဖို့ လေသံထွက်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ ပါတီဖျက်သိမ်းရေးနဲ့ ပတ်သက်လို့ ထပ်မံပြောဆိုတာ မတွေ့ရပါဘူး။


















































