Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမအတွင်းတိုက်ပွဲအခြေအနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထုတ်ပြန်လာ

စစ်ကောင်စီတပ်ထံမှ MA-2 စက်သေနတ်(၁)လက်၊ MA-1 ချေမှုန်းရေးရိုင်ဖယ် (၂)လက်၊ MA-3 ချေမှုန်းရေးရိုင်ဖက် (၂)လက်၊ ၆၀-မမ ဗုံးသီး(၁)လုံး၊ RPG ဗုံးသီး(၁)လုံးနှင့် ကျည်မျိုးစုံတို့အား သိမ်းဆည်းရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပဲခူးရိုးမအတွင်းတိုက်ပွဲအခြေအနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထုတ်ပြန်လာ
ပဲခူးရိုးမအတွင်းတိုက်ပွဲအခြေအနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထုတ်ပြန်လာ

ပဲခူးရိုးမအတွင်း တောင်ငူခရိုင် PDF တပ်ရင်း(၃၅၀၁)နှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦးအပါအဝင် (၂၀)ထက်မနည်း သေဆုံးခဲ့သည်ဟု ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Bago Region PDF)မှ ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

လက်ရှိတိုက်ပွဲအကျအဆုံးအခြေအနေနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသေးပေ။

ပဲခူးတိုင်း၊ တောင်ငူခရိုင် ပဲခူးရိုးမအတွင်း ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၅) ရက်ကစ၍ တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁) နှင့် စစ်ကောင်စီတပ်များအကြား ထိတွေ့တိုက်ပွဲများ (၁၁) ကြိမ်ထက်မနည်း ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးတစ်ဦးနှင့် အရာရှိတစ်ဦးအပါအဝင် အခြားအဆင့်(၂၀) ဦးထက်မနည်း သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီတပ်ထံမှ MA-2 စက်သေနတ်(၁)လက်၊ MA-1 ချေမှုန်းရေးရိုင်ဖယ် (၂)လက်၊ MA-3 ချေမှုန်းရေးရိုင်ဖက် (၂)လက်၊ ၆၀-မမ ဗုံးသီး(၁)လုံး၊ RPG ဗုံးသီး(၁)လုံးနှင့် ကျည်မျိုးစုံတို့အား သိမ်းဆည်းရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယင်းတိုက်ပွဲများအတွင်း တောင်ငူခရိုင် PDF တပ်ရင်း(၃၅၀၁)ဘက်မှ တပ်ဖွဲ့ဝင်သုံးဦး မြင့်မြတ်စွာ အသက်စွန့်လွှတ်ခဲ့ရပြီး ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟု Bago Region PDF က ဆိုသည်။

ယခုလက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဘက်မှ စစ်ကြောင်းထိုး၍ စစ်ဆင်ရေးဆောင်ရွက်နေဆဲဖြစ်သည့်အတွက် တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံစစ်ဘေးရှောင်ပြည်သူ (၁၀၀၀)ဦးထက်နည်း ဘေးကင်းရာသို့ တိမ်းရှောင်နေရကြောင်း Bago Region PDF တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook