Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပဲခူးရိုးမအတွင်းတိုက်ပွဲအခြေအနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထုတ်ပြန်လာ

စစ်ကောင်စီတပ်ထံမှ MA-2 စက်သေနတ်(၁)လက်၊ MA-1 ချေမှုန်းရေးရိုင်ဖယ် (၂)လက်၊ MA-3 ချေမှုန်းရေးရိုင်ဖက် (၂)လက်၊ ၆၀-မမ ဗုံးသီး(၁)လုံး၊ RPG ဗုံးသီး(၁)လုံးနှင့် ကျည်မျိုးစုံတို့အား သိမ်းဆည်းရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပဲခူးရိုးမအတွင်းတိုက်ပွဲအခြေအနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထုတ်ပြန်လာ
ပဲခူးရိုးမအတွင်းတိုက်ပွဲအခြေအနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထုတ်ပြန်လာ

ပဲခူးရိုးမအတွင်း တောင်ငူခရိုင် PDF တပ်ရင်း(၃၅၀၁)နှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦးအပါအဝင် (၂၀)ထက်မနည်း သေဆုံးခဲ့သည်ဟု ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Bago Region PDF)မှ ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

လက်ရှိတိုက်ပွဲအကျအဆုံးအခြေအနေနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသေးပေ။

ပဲခူးတိုင်း၊ တောင်ငူခရိုင် ပဲခူးရိုးမအတွင်း ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၅) ရက်ကစ၍ တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁) နှင့် စစ်ကောင်စီတပ်များအကြား ထိတွေ့တိုက်ပွဲများ (၁၁) ကြိမ်ထက်မနည်း ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးတစ်ဦးနှင့် အရာရှိတစ်ဦးအပါအဝင် အခြားအဆင့်(၂၀) ဦးထက်မနည်း သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီတပ်ထံမှ MA-2 စက်သေနတ်(၁)လက်၊ MA-1 ချေမှုန်းရေးရိုင်ဖယ် (၂)လက်၊ MA-3 ချေမှုန်းရေးရိုင်ဖက် (၂)လက်၊ ၆၀-မမ ဗုံးသီး(၁)လုံး၊ RPG ဗုံးသီး(၁)လုံးနှင့် ကျည်မျိုးစုံတို့အား သိမ်းဆည်းရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယင်းတိုက်ပွဲများအတွင်း တောင်ငူခရိုင် PDF တပ်ရင်း(၃၅၀၁)ဘက်မှ တပ်ဖွဲ့ဝင်သုံးဦး မြင့်မြတ်စွာ အသက်စွန့်လွှတ်ခဲ့ရပြီး ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟု Bago Region PDF က ဆိုသည်။

ယခုလက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဘက်မှ စစ်ကြောင်းထိုး၍ စစ်ဆင်ရေးဆောင်ရွက်နေဆဲဖြစ်သည့်အတွက် တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံစစ်ဘေးရှောင်ပြည်သူ (၁၀၀၀)ဦးထက်နည်း ဘေးကင်းရာသို့ တိမ်းရှောင်နေရကြောင်း Bago Region PDF တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။