Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အိန္ဒိယတောင်ပိုင်းမှာ နီပါဗိုင်းရပ်စ် ကူးစက်မှု ဆိုးရွားလာမှာ စိုးရိမ်နေရ

နီပါဗိုင်းရပ်စ်ဟာ သစ်သီးစား လင်းနို့တွေ၊ ဝက်တွေ ဆီကနေတဆင့် သန္ဓေပြောင်းပြီး လူသားတွေဆီ ကူးစက်လာတာ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ် ကူးစက်မှု ဂယက်ကို ၁၉၉၀ ပြည့်လွန်နှစ်တွေက မလေးရှား နိုင်ငံမှာ ပထမဆုံးအကြိမ် ခံစားခဲ့ရပါတယ်။ နီပါရောဂါအတွက် ကာကွယ်ဆေး မရှိသေးပါဘူး။

အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ နီပါဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့နေမှုတွေကို ထိန်းချုပ်ဖို့ အပူတပြင်း လုပ်ဆောင်နေရကြောင်း သိရပါတယ်။

အဲဒီဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ နီပါ အဖျားရောဂါဟာ အသက်ဆုံးရှုံးတဲ့ထိ ပြင်းထန်နိုင်ပါတယ်။ အိန္ဒိယမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ ဆိုးဆိုးရွားရွား မြင့်တက်လာချိန်မှာ နောက်ထပ် တစ်ပူပေါ် နှစ်ပူဆင့်ရမယ့် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုနဲ့ ကြုံလာတာပဲ ဖြစ်ပါတယ်။ အခုတော့ ကီလာရာပြည်နယ်ရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက နီပါကို ကပ်ရောဂါကြီး အဆင့်ထိ မရောက်ခင် တားဆီးဖို့ ကြိုတင် အစီအမံတွေ ချမှတ် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တဲ့နောက် အနီးကပ် ထိတွေ့မိသူတွေကို နောက်ကြောင်းရာဇဝင် စုံစမ်းပြီး ဆေးစစ်ခဲ့ပါတယ်။ ဆေးစစ်ထားသူ ၈ ဦးရဲ့ အဖြေက Negative ထွက်ခဲ့ပေမယ့် ကလေးဆီ အဲဒီ ရှားပါး ဗိုင်းရပ်စ် ဘယ်လို ကူးစက်ခဲ့သလဲ ဆိုတာကို အဖြေရှာ မတွေ့သေးဘဲ ဖြစ်နေပါတယ်။

နီပါဗိုင်းရပ်စ်ဟာ သစ်သီးစား လင်းနို့တွေ၊ ဝက်တွေ ဆီကနေတဆင့် သန္ဓေပြောင်းပြီး လူသားတွေဆီ ကူးစက်လာတာ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ် ကူးစက်မှု ဂယက်ကို ၁၉၉၀ ပြည့်လွန်နှစ်တွေက မလေးရှား နိုင်ငံမှာ ပထမဆုံးအကြိမ် ခံစားခဲ့ရပါတယ်။ နီပါရောဂါအတွက် ကာကွယ်ဆေး မရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

လူနာတွေက အပြင်းဖျားတာ၊ အကြောဆွဲတာ၊ အော့အန်တာမျိုးတွေ ခံစားရတတ်ပါတယ်။ နီပါရောဂါအတွက် တိကျတဲ့ ကုသနည်းမျိုး မရှိသေးဘဲ လူနာအတွက် အသက်သာဆုံးဖြစ်အောင် ကူညီ စီစဉ်ပေးပြီး ရောဂါလက္ခဏာအလိုက် သက်သာစေမယ့် ဖြည့်စွက် ကုထုံးတွေကိုပဲ ရွေးချယ်ရလေ့ ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်အရ ရောဂါဖြစ်ရင် သေနိုင်ခြေက ၄၀ ကနေ ၇၅ ရာခိုင်နှုန်းထိ မြင့်မားတာကြောင့် ကိုဗစ်လူနာတွေထက် အသက်အန္တရာယ် အများကြီး ပိုစိုးရိမ်ရပါတယ်။ ဒါပေမဲ့ နီပါရဲ့ ကူးစက်နှုန်းဟာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်လိုတော့ ကျယ်ပြန့် မြန်ဆန်တာမျိုး မရှိပါဘူး။

ကီရာလာ ပြည်နယ်ဟာ ၂၀၁၈ တုန်းကလည်း နီပါရောဂါ ဖြစ်ပွားမှုတွေနဲ့ ကြုံတွေ့ခဲ့ဖူးပြီး လူပေါင်း ၁၂ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ပါတယ်။ ကီရာလာဟာ အိန္ဒိယရဲ့ ကိုဗစ်ရောဂါ ကူးစက်နှုန်း အမြင့်ဆုံး ဒေသတွေ စာရင်းမှာ ပါဝင်နေတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ အိန္ဒိယကြားမှာ ၁၆၄၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပြီး အိန္ဒိယရဲ့ အရှေ့အာရှ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး မြှင့်တင်မှု မဟာဗျူဟာမှာ မြန်မာဟာ ပထဝီ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း နီပေါ ရဲတပ်ဖွဲ့ဟာ ခတ္တမန္ဒူ မြို့တော်မှာ လူမှောင်ခို ဂိုဏ်းတွေကို ဖြိုခွင်းပြီး လူ ၁၈ ဦးထက် မနည်းကို လူမှောင်ခိုမှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

အိန္ဒိယထွက်​ပြေးတဲ့ စစ်သား ၂၇၆ ​ယောက်ထဲက ပထမအသုတ် ၁၈၄ ဦး​ကို ဇန်နဝါရီ ၂၂ ရက်မှာ​​လေယာဥ်နဲ့​ခေါ်သွားပြီးဒုတိယအသုတ်ကို ဒီက​နေ့မနက်သွား​ခေါ်တာမှာ​လေယာဥ်မ​တော်တဆဖြစ်ခဲ့တာပါ။