Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းနှင့် ကန့်ဘလူနယ်စပ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ငါးရက်ဆက်တိုက်ပွဲဖြစ်

ထိခိုက်သေဆုံးသူများအား မော်တော်ဖြင့် ကြာညှပ်ဘက်သို့သယ်ယူသွားပြီး ကားပေါ်တွင်ဒဏ်ရာရစစ်သားများအား မျက်မြင်တွေ့ရှိခဲ့ကြောင်း၊ သေဆုံးစစ်သားများအား ကြာညှပ်ရွာ မီးသင်္ဂြိုလ်စက်တွင် မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရှိရသည်ဟု ဆိုသည်။

(TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များအား‌တွေ့ရစဥ်)
(TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များအား‌တွေ့ရစဥ်)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ ငါးရက်ဆက် ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ပြီး စစ်အုပ်စုထိခိုက်သေဆုံးမှုများပြားကြောင်း TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အစပ်ရှိ ခရမ်းစပ်ကုန်း ၊ဇင်းချောင်းစသည့် ကျေးရွာများတွင် စစ်ကောင်စီတပ် အင်အား၁၆၀ကျော်နှင့် ပျုစောထီးများပူးပေါင်းကာ စစ်ကြောင်းထိုးခြင်းနှင့် နေအိမ်များ မီးရှို့မှုအား ဒီဇင်ဘာ ၂၃ရက်ကတည်းက စတင်ကာ ယနေ့(ဒီဇင်ဘာ ၂၈ရက်)အထိ ပြုလုပ်နေကြောင်း TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

ထိုသို့ပြုလုပ်နေသော စစ်ကောင်စီတပ်နှင့် ပျူများအား လက်နက်ကြီး (၆၀)မမ အလုံး (၃၀)ကျော်နှင့် လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့ကြောင်း TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ထိခိုက်သေဆုံးသူများအား မော်တော်ဖြင့် ကြာညှပ်ဘက်သို့သယ်ယူသွားပြီး ကားပေါ်တွင်ဒဏ်ရာရစစ်သားများအား မျက်မြင်တွေ့ရှိခဲ့ကြောင်း၊ သေဆုံးစစ်သားများအား ကြာညှပ်ရွာ မီးသင်္ဂြိုလ်စက်တွင် မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရှိရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(ဒီဇင်ဘာ ၂၇ရက်)ကလည်း စစ်ကောင်စီတပ်နှင့်ပျူများသည် ဇင်းချောင်းကျေးရွာရှိ နေအိမ်တစ်လုံးအား မီးရှိ့ဖျက်ဆီးခဲ့ကာ ကျေးရွာအတွင်းရှိ တန်ဖိုးရှိပစ္စည်းများနှင့် နွားများအား သံခွန်မော်တော်ပေါ်တွင်တင်ကာ ကြာညှပ်ဆိပ်ကမ်းဘက်သို့ မောင်းယူသယ်ဆောင်သွားကြောင်း TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

ယမန်နေ့ကပင် စစ်ကောင်စီတပ်သည် လက်နက်ကြီးအချက်၂၀ကျော်ပစ်ကာ ဇင်းချောင်းကျေးရွာသို့ ဝင်ရောက်တပ်စွဲခဲ့ကြောင်း၊ အဆိုပါ စစ်ကောင်စီတပ်ကို ယမန်နေ့ည ၁၁ နာရီခန့်က စစ်အုပ်စုအထိုင်ချထားသော ပွိုင့်ရှိသည့်နေရာအား လက်နက်ကြီး (၆၀)မမ နှစ်လုံးပစ်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ထပ်မံသတင်းထုတ်ပြန်သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကားကြီး လေးစီးဖြင့် (၇)မိုင်ရွာအနီး ကြာအင်း ကုတင်(၁၀၀) စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက်ကိုးကားကာ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

ငါးရက်ဆက်တိုက် တိုက်ခိုက်ခဲ့မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ဦးထက်မနည်း သေဆုံးနိုင်ပြီး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း TBK တောဆင်ရိုင်းပြောက်ကျား တပ်ဖွဲ့က ဆိုသည်။

ထို့အပြင် လက်နက်ကြီး ပြောင်းဆံအဖူးတစ်ခုလျှင် ကျပ် ၅သောင်းနှုန်းကုန်ကျပြီး ခဲယမ်းလိုအပ်မှုအတွက်ထောက်ပို့ကူညီကြရန်လည်း TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

အဆိုပါ စစ်ဆင်ရေးများကို TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ ၊ ဒေသကာကွယ်ရေး တပ်များဖြစ်သည့် ရင်း ၃၊ရင်း၄ ၊ ရပ်ကျေး (ပကဖ)များနှင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။