Connect with us

Hi, what are you looking for?

News

စစ်ကောင်စီအဖွဲ့က ဘက်ဂျတ််မရှိ၍ ဘဏ္ဍာရေးနှစ်ပြောင်းရန် ကြိုးပမ်း

စစ်ကောင်စီအဖွဲ့က မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်၍ အောက်တိုဘာမှစတင်သည့် ဘဏ္ဍာနှစ် စိုက်ပျိုးရေးလုပ်ငန်းများအတွက် မကိုက်ညီ၍ ပြောင်းလဲရခြင်းဖြစ်သည်ဟု အကြောင်းပြသည်။

စစ်ကောင်စီအဖွဲ့သည် NLDအစိုးရပြောင်းလဲခဲ့သည့် ဘဏ္ဍာရေးနှစ်ကို ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်ကို ပြန် လည်ပြောင်းမည်ဟု ပြည်တွင်းဘဏ်များကို စက်တင်ဘာ ၇ ရက်တွင် အကြောင်းကြားခဲ့သည်။

ထိုသို့ပြောင်းခြင်းမှ စစ်ကောင်စီတွင် ဘဏ္ဍာနှစ်တစ်နှစ်စာ ဝင်ငွေမရှိ၍ ကြားကာလဘက်ဂျတ် ခြောက်လစာဆွဲရန်အတွက် အကြံထုတ်ခြင်းဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တချို့က ဆိုသည်။

NLDအစိုးရလက်ထက်တွင်တင်ဒါလုပ်ငန်းများငွေပေးငွေချေလွယ်ကူစေရန် မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ်ကို ဧပြီလ၁ ရက်မှ မတ်၃၁ရက်အစားအောက်တိုဘာ ၁ရက်မှ စက်တင်ဘာ ၃၀ ရက်အထိပြောင်းလဲခဲ့သည်။

စစ်ကောင်စီအဖွဲ့က မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်၍ အောက်တိုဘာမှစတင်သည့် ဘဏ္ဍာနှစ် စိုက်ပျိုးရေးလုပ်ငန်းများအတွက် မကိုက်ညီ၍ ပြောင်းလဲရခြင်းဖြစ်သည်ဟု အကြောင်းပြသည်။

Public Service Announcement

Public Service Announcement

ယခုစစ်ကောင်စီက NLDပြောင်းလဲခဲ့သည့် ဘဏ္ဍာနှစ်ကို ပြောင်းလဲရန် စီစဉ်ရာတွင် ကြားကာလဘတ်ဂျတ် ခြောက်လတာသတ်မှတ်လိုက်ခြင်းဖြစ်သည်။

“တကယ်တော့ စစ်တပ်မှ တစ်နှစ်ရသုံးမှန်းချေရေးဆွဲဖို့ မဖြစ်နိုင်လို့၊ ခြောက်လတာဘက်ဂျတ်ကိုရေးတာ။ နောက်တခုက NLDလုပ်ခဲ့သမျှကို ပြောင်းပြန်ပြန်လုပ်လို့ပြောင်းတာလဲပါတယ်”ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

စစ်ကောင်စီက ဘဏ္ဍာရေးနှစ်ပြောင်းလဲသတ်မှတ်ရန် ကြံစည်သော်လည်း လက်ရှိတွင် စီးပွားလုပ်ငန်း အားလုံးနီးပါး ထိခိုက်နေပြီး လုပ်ငန်းလည်ပတ်ရန် အခက်အခဲရှိနေသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

NLDအစိုးရသတ်မှတ်ခဲ့သည့် ဘဏ္ဍာနှစ်သည် စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး စစ်ကောင်စီက ဘဏ္ဍာနှစ်အသစ်ကို လာမည့်အောက်တိုဘာ ၁ ရက်တွင် စတင်ရမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook