Connect with us

Hi, what are you looking for?

News

တရုတ်ကွန်မြူနစ်ပါတီရဲ့အွန်လိုင်းအစည်းအဝေး NLD ပါတီတက်ရောက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုအနေနဲ့ စမ်းချောင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးတက်ရောက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

တရုတ်ကွန်မြူနစ်ပါတီနဲ့ အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံတွေက နိုင်ငံရေးပါတီတွေရဲ့ အွန်လိုင်းအစည်း အဝေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ကိုယ်စားလှယ်တစ်ဦး တက်ရောက်ခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီက “နိုင်ငံရေးပါတီများပေါင်း စည်းစွမ်းအားနှင့်ဆောင်ရွက်ခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့”ခေါင်းစဉ်နဲ့ အစည်းအဝေးပြုလုပ်တာဖြစ်ပြီး မြန်မာနိုင်ငံက NLD၊ ပြည်ခိုင်ဖြိုး၊ ရခိုင်အမျိုးသားပါတီနဲ့ လီဆူးအမျိုးသားဖွံ့ဖြိုးရေးပါတီတို့ကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုအနေနဲ့ စမ်းချောင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးတက်ရောက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဥပဒေမဲ့အာဏာသိမ်းခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က NLD ကို ဖျက်သိမ်းဖို့ကြိုးစားနေချိန်မှာ အိမ်နီးချင်းအင်အားကြီးတရုတ်ကွန်မြူနစ်ပါတီက NLD ကို အဆက်အဆံပြုလုပ်နေခြင်းလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ ခွေးလေးတစ်ကောင် အခိုးခံရပြီး ချက်စားခံလိုက်ရတဲ့ ဖြစ်စဉ်အပြီး တရုတ်နိုင်ငံက ခွေးသား ရောင်းဝယ် ဖောက်ကားမှုနဲ့ ပတ်သက်တဲ့ အငြင်းအခုံတွေ တကျော့ပြန် ဆူညံလာခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။