Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများအားလုံး ၁၀ရက်အတွင်းထွက်ခွာရန် KNLA တပ်မဟာ(၅) အမိန့်ထုတ်ပြန်

တပ်မဟာ(၅)အနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အဆုံးသတ်ပပျောက်ရေး ကြိုးပမ်းလုပ်ဆောင်ရင်း ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်စခန်းများ ရုပ်သိမ်းရန် ဖိအားပေး လုပ်ဆောင်နေကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများအားလုံး ၁၀ရက်အတွင်းထွက်ခွာရန် KNLA တပ်မဟာ(၅) အမိန့်ထုတ်ပြန်
စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများအားလုံး ၁၀ရက်အတွင်းထွက်ခွာရန် KNLA တပ်မဟာ(၅) အမိန့်ထုတ်ပြန်

နောက်ဆုံး ထုတ်ပြန်ချက်ဖြစ်ပြီး မလိုက်နာပါက အရေးယူမည်ဖြစ်ဟုသတိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး သက်ဆိုင်ရာ ရာထူးတာဝန်များအား စွန့်ခွာပြီး ယခု ဇန်နဝါရီ ၁ရက်မှ ၁၀ရက်အတွင်း ထွက်ခွာရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)က ယနေ့ အမိန့်ထုတ်ပြန်လိုက်သည်။

ယခု အမိန့်ထုတ်ပြန်ချက်အား လေးစားကြရန်နှင့် မလေးစားမလိုက်နာပါက မိမိတို့အရေးယူနိုင်သည့် လူပုဂ္ဂိုလ်များကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ပြီး အရေးမယူနိုင်သည့် ပုဂ္ဂိုလ်များအတွက် နောက်ဆက်တွဲဖြစ်လာမည့် အကျိုးဆက်များနှင့် ပတ်သက်၍ ၎င်းတို့ အပေါ်တွင်သာ မူတည်လိမ့်မည်ဖြစ်ကြောင်း ဖော်ပြပြီး ယခုထုတ်ပြန်ချက်သည် နောက်ဆုံးထုတ်ပြန်ချက်ဖြစ်ကြောင်း သတိပေးထားသည်။

စစ်အာဏာရှင်အုပ်စု အကြမ်းဖက်စစ်ကောင်စီ အဖွဲ့မှ ပြုလုပ်မည့် ၎င်းတို့ကို တရားဝင်ဖြစ်စေခြင်းနှင့် စစ်အာဏာရှင်တည်တန့်ခိုင်မြဲရေး ကြိုးပမ်းဆောင်ရွက်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး KNLAတပ်မဟာ(၅) သတ်မှတ်ထိန်းချုပ်နယ်မြေ အတွင်းရှိ မည်သူမဆို စစ်အုပ်စု စစ်ကောင်စီ အဖွဲ့နှင့် လုံး၀မပူးပေါင်းရန် မပတ်သက်ရန်လည်း အမိန့်ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

တပ်မဟာ(၅)အနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အဆုံးသတ်ပပျောက်ရေး ကြိုးပမ်းလုပ်ဆောင်ရင်း ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်စခန်းများ ရုပ်သိမ်းရန် ဖိအားပေး လုပ်ဆောင်နေကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဒေသတွင်းမတရား အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်မှု ယန္တရားများ တည်ရှိမှုကိုလည်း လုံး၀ လက်ခံမည် မဟုတ်သကဲ့သို့ အားလုံးထွက်ခွာသွားရန် နည်းမျိုးစုံဖြင့် ဖိအားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။