Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ရန်ကုန်တိုင်း သုံးခွမြို့နယ် ကတုံးပေါ်ရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်

“ရဲ ၃ ယောက်ကျဆုံးပြီး G3 လက်နက် ၂ လက်ရယူနိုင်ခဲ့ပြီး စခန်းအားမီးရှို့နိုင်ခဲ့ပါတယ်”ဟု ရန်ကုန်စစ်ဒေသခွဲမှ တာဝန်ရှိသူက ပြောသည်။

'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် ရန်ကုန်တိုင်း သုံးခွမြို့နယ် ကတုံးပေါ်ရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်
'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် ရန်ကုန်တိုင်း သုံးခွမြို့နယ် ကတုံးပေါ်ရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်

▪️ရဲသုံးယောက်သေပြီး သေနတ်နှစ်လက်ရဟု ပြော

နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ရန်ကုန်တိုင်း သုံးခွမြို့နယ်မှ ကတုံးပေါ်နယ်မြေရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ အတည်ပြုပြောကြားသည်။

ယနေ့(ဇန်နဝါရီ ၈)နံနက် ၅ နာရီခန့်က ရန်ကုန် (ပကဖ) တောင်ပိုင်းခရိုင်ဇုံ(၂) Fire Dragon တပ်ခွဲမှ ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် သုံးခွမြို့နယ်ရှိ ကတုံးပေါ်ကျေးရွာရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် ရန်ကုန်တိုင်း သုံးခွမြို့နယ် ကတုံးပေါ်ရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်
‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ရန်ကုန်တိုင်း သုံးခွမြို့နယ် ကတုံးပေါ်ရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်

“ရဲ ၃ ယောက်ကျဆုံးပြီး G3 လက်နက် ၂ လက်ရယူနိုင်ခဲ့ပြီး စခန်းအားမီးရှို့နိုင်ခဲ့ပါတယ်”ဟု ရန်ကုန်စစ်ဒေသခွဲမှ တာဝန်ရှိသူက ပြောသည်။

အထက်ပါ ကတုံးပေါ်နယ်မြေရဲစခန်းသည် ပြီးခဲ့သည့်နှစ်(ပြီးခဲ့သည့်နှစ်၂၀၂၂)စက်တင်ဘာ ၂၂ ရက်ကလည်း ခရမ်း PDF၏ ပစ်ခတ်တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး ရဲစခန်းအဆောက်အအုံနှင့် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။