ယနေ့(စက်တင်ဘာ ၉ရက်)နံနက်ပိုင်းက တိုက်ပွဲအခြေ အနေကို Kyaukhtu PDF သတင်းပြန်ကြားရေးကော်မ တီက အောက်ပါအတိုင်း သတင်းထုတ်ပြန်သည်။
“နံနက်ခင်းတိုက်ပွဲအပြီး နေ့ခင်းပိုင်းတွင်လည်း Kyaukhtu PDFတပ်ဖွဲ့ခွဲများမှ ဆက်လက်အလစ်ဝင်ဖောက်ခွဲခြင်းနှင့် စစ်ကောင်စီ၏ သေဆုံးပျက်စီးမှုအခြေ အနေအား စောင့်ကြည့်ခဲ့ကြရာ စစ်ကောင်စီတပ်သား ၁၅-၂၀ ဝန်းကျင်သေဆုံး၊ ဒဏ်ရာရသူများနှင့် ကားတစ်စီး မိုင်းထိပျက်စီးကြောင်း အတည်ပြုနိုင်ခဲ့ပါသည်”ဟု ပြည်သူလူထုအား အသိပေးသည်။
ထို့အပြင် ပြည်သူများအနေနှင့် Kyaukhtu PDF တပ်ဖွဲ့ဝင်များနှင့် ပတ်သက်သည့်သတင်းများကို နှုတ်လုံကြရန်နှင့် အမှတ်မထင် ကူညီရန်ကြုံကြိုက်လာပါက ကူညီနိုင်သည်များ ကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။
စစ်ကောင်စီတပ်သားများ၏ လှုပ်ရှားမှုများကိုလည်း အချိန်နှင့်တပြေးညီသတင်း ပေးပို့ပေးကြပါရန် နှိုးဆော်ထားသည်။
ထိုအပြင် ချင်းပြည်နယ် ထန်တလန်မြို့အတွင်း စစ်ကောင်စီတပ်နှင့် CDF Thantlang ယနေ့နံနက်ပိုင်းကတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ယောက်သေဆုံးခဲ့သည်ဟု CDF Thantlangက ယနေညဦးပိုင်းတွင်ထုတ်ပြန်သည်။

Public Service Announcement
စစ်ကောင်စီက မြို့တွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်၍ အရပ်သားလေးဦးဒဏ်ရာရခဲ့သည့်အပြင်အရပ်သားပိုင်ဆိုင်သည့်နေအိမ်တစ်လုံးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးသွားသည်ဟုသတင်းထုတ်ပြန်ထားသည်။ ပြည်သူကို ထိပါးနေသည့် စစ်အုပ်စုကို အမြစ်ပြတ် အောင်တိုက်ခိုက်သွားမည်ဟု CDF Thantlangက လူထုအား အသိပေးထားသည်။


















































