Connect with us

Hi, what are you looking for?

သတင်း

ရှောင်တာနယ်လ်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကနေ ပယ်ဖျက်တယ်လို့ စစ်ကောင်စီကြေညာပြန်

အင်းစိန်ထောင်ကလွတ်ပြီးနောက် သြစတြေးလျနိုင်ငံကို ပြန်ရောက်ချိန်မှာ ရှောင်တာနယ်လ်ဟာ ထောင်တွင်းမှာ ကြုံတွေ့ခဲ့ရတာတွေကိုဖွင့်ချခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ပါမောက္ခရှောင်တာနယ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ပါမောက္ခရှောင်တာနယ်

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက အင်းစိန်ထောင်ကနေ လွှတ်လိုက်တဲ့ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင်ရှောင်တာနယ်လ် ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကနေ ပယ်ဖျက်တယ်လို့စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

ရှောင်တာနယ်လ်ဟာ လွတ်မြောက်လာပြီး လူမှုကွန်ရက်နဲ့ သတင်းမီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးမဟုတ်မမှန်တာတွေပြောလို့ လွတ်ငြိမ်းခွင့်ပယ်ဖျက်တာလို့စစ်ကောင်စီကအကြောင်းပြထားပါတယ်။

အာဏာသိမ်းပြီး ရက်ပိုင်းအကြာမှာ ဖမ်းဆီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေး ရှောင်တာနယ်လ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ၁၇ ရက်(အမျိုးသားနေ့)မှာ စစ်ကောင်စီက လွှတ်ပေးပြီး ပြည်နှင်ဒဏ်ပေးခဲ့တာပါ။

အင်းစိန်ထောင်ကလွတ်ပြီးနောက် သြစတြေးလျနိုင်ငံကို ပြန်ရောက်ချိန်မှာ ရှောင်တာနယ်လ်ဟာ ထောင်တွင်းမှာ ကြုံတွေ့ခဲ့ရတာတွေကိုဖွင့်ချခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးအမှန်တရားတွေကို ကမ္ဘာ့ကိုချပြဖို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို မှာလိုက်တာကိုလည်း ရှောင်တာနယ်လ်က မီဒီယာကတဆင့် ပြောပါတယ်။

ရှောင်တာနယ်လ်ရဲ့အင်တာဗျုး တစ်ခုမှာဆိုရင် မြန်မာနိုင်ငံကို အာဏာလုထားတဲ့ ယုတ်မာရူးသွပ်သူတွေက အုပ်ချုပ်နေတာလို့ စစ်ကောင်စီကို ဝေဖန်ထောက်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။