Connect with us

Hi, what are you looking for?

သတင်း

ရှောင်တာနယ်လ်ကတဆင့် ဒေါ်အောင်ဆန်းစုကြည်သတင်းစကားပါး

သြစတြေးလျနိုင်ငံသား စီးပွားရေးပါမောက္ခရှောင်တာနယ်လ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားအကြံပေးဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်ကမှ အင်းစိန်ထောင်ကနေ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပါတယ်။

ရှောင်တာနယ်လ်ကတဆင့် ဒေါ်အောင်ဆန်းစုကြည်သတင်းစကားပါး
ရှောင်တာနယ်လ်ကတဆင့် ဒေါ်အောင်ဆန်းစုကြည်သတင်းစကားပါး

ဒီမိုကရေစီရဲ့လွတ်လပ်မှု ခဏတာ ခံစားခွင့်ရခဲ့ပေမယ့် ဒီမိုကရေစီအခွင့်အရေး ကို ခုခံကာကွယ်ဖို့ မြန်မာပြည်သူတွေ အဆင့်သင့် ဖြစ်နေတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ယူနေတယ်လို့ ထောင်ကနေ လွတ်လာတဲ့ ရှောင်တာနယ်လ်က သတင်းစကားပါးလိုက်ပါတယ်။

သြစတြေးလျနိုင်ငံသား စီးပွားရေးပါမောက္ခရှောင်တာနယ်လ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားအကြံပေးဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်ကမှ အင်းစိန်ထောင်ကနေ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပါတယ်။

မနေ့က အမေရိကန်အခြေစိုက် ABC သတင်းဌာနနဲ့ပြုလုပ်တဲ့ အင်တာဗျုးမှာ ထောင်တွင်းက ဒေါ်အောင်ဆန်းစုကြည် မှာလိုက်တဲ့သတင်းစကားကို ရှောင်တာနယ်လ်က ထည့်ပြောလိုက်တာပါ။

စစ်တပ်အာဏာသိမ်းပြီးရက်ပိုင်းအကြာမှာ ဖမ်းခံရတဲ့ ရှောင်တာနယ်လ်က ဒေါ်အောင်ဆန်းစုကြည်ကို နောက်ဆုံးတွေ့ရချိန်ဟာ နေပြည်တော်အချုပ်ထောင်မှာ အမိန့်ချခံရချိန်ကဖြစ်ပြီး လွန်ခဲတဲ့ ရက်သတ္တပတ် ၈ ပတ်ခန့်က ဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလိုတွေ့ဆုံချိန်က ဒေါ်အောင်ဆန်းစုကြည်ဟာ စကားလက်ဆောင်ပါးလိုက်တယ်လို့လည်း ရှောင်တာနယ်လ်က ပြောပါတယ်။

Public Service Announcement
Public Service Announcement

” မြန်မာပြည်အကြောင်းအဖြစ်မှန်တွေကိုပြောပြပါ။ ကျွန်မတို့ကိုနှုတ်ပိတ်ခံထားရပေမယ့် ရှင်ကတော့ ပြောနိုင်တယ်” လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့မှာကြားချက်ကို ရှောင်တာနယ်လ်က ပြောပြပါတယ်။

” အထူးသဖြင့် မြန်မာလူငယ်တွေအပေါ်မှာ သူ ဘယ်လောက်အထိဂုဏ်ယူသလဲဆိုတာကိုလည်းပြောပြတယ် ။ ဒီမိုကရေစီရဲ့လွတ်လပ်မှုတွေကိုခဏလောက်ပဲ ခံစားခွင့်ရခဲ့ပေမယ့် ဒီမိုကရေစီအခွင့်အရေး တွေကို ခုခံကာကွယ်ဖို့ မြန်မာပြည်သူတွေအဆင့်သင့်ဖြစ်နေတာကို ဂုဏ်ယူနေတယ်” လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သတင်းစကားကို ရှောင်တာနယ်လ်က အင်တာဗျုးကတဆင့် ပြန်ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုထားရှိတဲ့ နေပြည်တော်အချုပ်ထောင်ဟာ အင်းစိန်ထောင်ထက်ဆိုးရွားပေမယ့် အခက်အခဲတွေကြားမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ဓာတ်ခိုင်ခိုင်မာမာရှိနေတယ်လို့ ရှောင်တာနယ်လ်က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook