Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်နယ်တွင်စစ်ကောင်စီတပ်မိုင်းထိပြီးသေဆုံးထိခိုက်မှုများ

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ အနည်းဆုံး ၇ဦးရှိပြီး ကလေးငယ်သုံးဦး ပါဝင်သည်ဟု သိရကြောင်း ဒေသခံက ပြောသည်။

(စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျဉ်ခွံအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျဉ်ခွံအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

▪︎စစ်ကောင်စီလက်နက်ကြီးဖြင့်ရမ်းပစ်၍ ဒေသခံ နှစ်ဦး အသက်ဆုံးရှုံး၊ ကလေးငယ်များအပါအဝင် ၇ဦးထက်မနည်းဒဏ်ရာရ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများသကဲ့သို့ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်၍ အရပ်သားသေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ထီးချိုင့်ဒေသခံက ပြောသည်။

ဇန်နဝါရီ ၈ရက်တွင် အလယ်တောရွာသို့ ဝင်လာသည့် စစ်ကောင်စီတပ် မိုင်းဖြင့်တိုက်ခိုက်ခံခဲ့ရသည်ဟုသိရသည်။

“အဲဒီ စ…(စစ်ကောင်စီတပ်သား)တွေက ကျွန်တော်တို့ အလယ်တောရွာကို ဝင်တယ်။ ဝင်တဲ့အခါ ကျွန်တော်တို့ ကာကွယ်ရေးအဖွဲ့တွေက မိုင်းထောင်တာကို သူတို့ မိုင်းမိလိုက်တယ်။အလယ်တောဘုရား တောင်ရိုးပေါ်မှာလေ။ မိုင်းမိလိုက်တဲ့အခါ သူတို့ အသေအပျောက်တွေရှိတယ် အနာအစာတွေရှိတယ်။ သူတို့ အဲဒီမှာ တစ်ညအိပ်ပြီးတော့နောက်ရက်ကို အလယ်တောရွာကို အကုန်မီးရှို့သွားပြီး ပြန်အထွက်မှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့မှု ဖြစ်တဲ့အခါသူတို့ ရမ်းသမ်းပြီး ပစ်တဲ့အတွက် ထန်းကုန်းကျေးရွာထဲကို လက်နက်ကြီးကျပြီး ကလေးတွေရော ထိပါတယ်။လူတစ်ယောက်ပွဲချင်းပြီးသေပါတယ်” ဟု ထီးချိုင့်ဒေသခံက ပြောသည်။

စစ်​ကောင်စီတပ်ကပစ်ခတ်​သောလက်နက်ကြီးကျည်​ကြောင့်ထန်းကုန်းရွာမှဒေသခံနှစ်ဦး​သေဆုံးခဲ့ပြီး၊ ကံပေါက်ကျေးရွာတွင်လည်း လက်နက်ကြီးထိ၍ ဒဏ်ရာရရှိသူ များရှိ​ကြောင်း​ဒေသခံများက​ပြောသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၉ရက်၌ ဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲ၌လည်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း ၎င်းကဆက်​ပြောသည်။

“တိုက်ပွဲဖြစ်တဲ့အခြေအနေက သူတို့ဘက်က အကျအဆုံးရှိတယ်လို့တော့ ရပါတယ်။ သတင်းအတိအကျတော့ မရနိုင်ဘူးလေ။ မိုင်းထိတာကတော့ အနည်းဆုံး ၁၅ယောက်လောက်သေသွားတယ်လို့ သတင်းရတယ်။ အလောင်းတွေကိုအိမ်တွေထဲ ပစ်ထည့်ပြီးအိမ်တွေရောမီးရှို့သွားပါတယ်”ဟုအခြားထီးချိုင့်ဒေသခံကလည်းပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ အနည်းဆုံး ၇ဦးရှိပြီး ကလေးငယ်သုံးဦး ပါဝင်သည်ဟု သိရကြောင်း ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် ၂၀၂၂ နှစ်ကုန်ပိုင်းကလည်း အလယ်တောကျေးရွာအပါအဝင် ထီးချိုင့်နယ်ရှိ ကျေးရွာပေါင်း ၂၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ လက်ရှိတွင်လည်း စစ်ကောင်စီတပ် စစ်ကြောင်းများ ထီးချိုင့်နယ်မှ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်များနှင့်လည်း တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။