Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူတွင် ဆိုင်ကယ်နှစ်ယောက်စီး၍ဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်၏ သားဖြစ်သူအပါအဝင် နှစ်ဦး ပစ်သတ်ဖြတ်ခံရ

ပခုက္ကူမြို့တွင် စစ်ကောင်စီတပ်က ဆိုင်ကယ်တစ်စီး လူနှစ်ယောက်မစီးရန်နှင့် ညနေ ၆နာရီမှ နံနက် ၈ နာရီအတွင်း ဆိုင်ကယ်မစီးရအမိန့်ကို အဓမ္မ ထုတ်ပြန်ထားသည်။

ပခုက္ကူမြို့တစ်နေရာတွင် ယခင်က ဆိုင်ကယ်စီးနင်းနေသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj
ပခုက္ကူမြို့တစ်နေရာတွင် ယခင်က ဆိုင်ကယ်စီးနင်းနေသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj

ရေစကြိုတွင်လည်း ထန်းမြစ်တူးသူတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

မကွေးတိုင်း၊ ပခုက္ကူမြို့တွင် ဆိုင်ကယ်နှစ်ယောက်စီး၍ဆိုကာ အမျိုးသားနှစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရပြီး သေဆုံးသူတစ်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး၏ ​သားဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၁၂ ရက်) မွန်းလွဲ ၂ နာရီခွဲခန့်က ပခုက္ကူစက်မှုဇုံနှင့် မြို့သစ်ကြား ကာနီပယ် KTV အနီးတွင် နှစ်ယောက်စီးလာသော ဆိုင်ကယ်တစ်စီးအား စစ်ကောင်စီတပ်များက လိုက်လံပစ်ခတ်ခဲ့ကြောင်း ၊ နှစ်ဦးလုံး နေရာ၌ ပွဲချင်းပြီးသေဆုံးပြီး တစ်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး၏ သားဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

“သေတဲ့ နှစ်ယောက်မှာတစ်ယောက်က စစ်သားသားပါ။ ဖအေက တိုက်ပွဲကျသွားတာကြာပါပြီ။သားကမနေ့က ပစ်သတ်ခံရတာပါ။ နှစ်ယောက်ပေါင်း ၁၂ချက်ပစ်ထားတာပါ။ နှစ်ယောက်လုံးရဲ့ဖုန်း၊ဆိုင်ကယ်ကို ရဲတွေ သိမ်းပါတယ်။ပြန်မပေးပါဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ယမန်နေ့ကပင် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ရာသီချိန် ထန်းမြစ်တူးသူတစ်ဦးကိုလည်း ဗုံးထောင်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ပစ်သတ်သွားကြောင်း၊ အဆိုပါ အလောင်း သုံးလောင်းအား ပခုက္ကူဆေးရုံကြီးရင်ခွဲရုံ၌ ​ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က သေဆုံးသူများအား PDFဟု လိမ်လည်သတင်းထုတ်ရန် ပြင်ဆင်နေပြီး မိသားစုဝင်များကိုပါ ခြိမ်းခြောက်ထားကြောင်း ဒေသခံများက ပြောသည်။

ပခုက္ကူမြို့တွင် စစ်ကောင်စီတပ်က ဆိုင်ကယ်တစ်စီး လူနှစ်ယောက်မစီးရန်နှင့် ညနေ ၆နာရီမှ နံနက် ၈ နာရီအတွင်း ဆိုင်ကယ်မစီးရအမိန့်ကို အဓမ္မ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။