Connect with us

Hi, what are you looking for?

သတင်း

တရားမဝင်ရွေးကောက်ပွဲကျင်းပခြင်း ပူးပေါင်းဆောင်ရွက်ပါက ပြင်းထန်စွာအရေးယူမည်ဟု ထီးချိုင့်(ပအဖ) ကြေညာ

အသိပေးချက်အား မထီမဲ့ပြင်ပြုခြင်း သွေးတိုးစမ်းခြင်း ပြုလုပ်ပါက အကြမ်းဖက်ဥပဒေဖြင့် ပြင်းထန်စွာ အရေးယူမည်ဟု ဖော်ပြခဲ့သည်။

တရားမဝင်ရွေးကောက်ပွဲကျင်းပခြင်း ပူးပေါင်းဆောင်ရွက်ပါက ပြင်းထန်စွာအရေးယူမည်ဟု ထီးချိုင့်(ပအဖ) ကြေညာ
တရားမဝင်ရွေးကောက်ပွဲကျင်းပခြင်း ပူးပေါင်းဆောင်ရွက်ပါက ပြင်းထန်စွာအရေးယူမည်ဟု ထီးချိုင့်(ပအဖ) ကြေညာ

လူဦးရေစာရင်းကောက်သည့် အဖွဲ့များနှင့် ဝေးဝေးနေကြရန် မေတ္တာရပ်ခံထား

စစ်ကောင်စီက တရားမဝင် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကို ဇန်နဝါရီ ၇ရက်မှစ၍ တအိမ်တက်ဆင်း လိုက်လံကောက်ယူလျက်ရှိရာ အဆိုပါ ရွေးကောက်ပွဲ ကျင်းပခြင်းအား ပူးပေါင်းခြင်းမပြုရန် ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့ ကြေညာချက် ထုတ်ပြန်သည်။

အသိပေးချက်အား မထီမဲ့ပြင်ပြုခြင်း သွေးတိုးစမ်းခြင်း ပြုလုပ်ပါက အကြမ်းဖက်ဥပဒေဖြင့် ပြင်းထန်စွာ အရေးယူမည်ဟု ဖော်ပြခဲ့သည်။

ထို့ပြင် စာရင်းကောက်အဖွဲ့နှင့် သော်လည်းကောင်း၊ ပါဝင်ပတ်သက်သူများနှင့်သော်လည်းကောင်း ပြည်သူများ ဝေးဝေးနေပေးကြရန် အထူးမေတ္တာရပ်ခံထားသည်။

စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲ ကျင်းပခြင်းကို ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ခြင်းမပြုရန်၊ မိမိတို့ စီမံအုပ်ချုပ်သည့် နယ်မြေများအတွင်း တရားမဝင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိစေရန် ပူးပေါင်းဆောင်ရွက်ခြင်းမရှိစေရေးနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ကြေညာစာများ ထပ်ဆင့်ကူးယူထုတ်ပြန်သွားရန် အမျိုးသားညီညွတ်ရေးအစိုးရ၏ ထီးချိုင့်မြို့နယ် ကျေးရွာအုပ်စု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအား ညွှန်ကြားထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူအားလုံးအား အာမခံချက်မပေးနိုင်ကြောင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းတွင် ပါဝင်ပတ်သက်သူများအဖြစ် သတ်မှတ်ပြီး အကြမ်းဖက်ဥပဒေအရ ပြင်းထန်သော အရေးယူဆောင်ရွက်မှုများကို တဦးချင်းစီအလိုက် အဖွဲ့အစည်းအလိုက် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အားလုံးသိရှိနိုင်ရေးအသိပေးထားရန်လည်း ညွှန်ကြားချက်၌ ဖော်ပြထားသည်။

အသိပေးမှုများ ဆောင်ရွက်ထားပါလျက် မထေမဲ့မြင်ပြုလုပ်၍ သော်လည်းကောင်း၊ သွေးတိုးစမ်းလိုသော သဘောဖြင့်သော်လည်းကောင်း ၊ အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများအား တွေ့ရှိပါက အကြမ်းဖက်ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ဟု ထီးချိုင့်(ပအဖ)က ဆိုသည်။

ပြည်သူများအပေါ် အကြမ်းဖက် လူသတ်၊ လုယက်၊ မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများနှင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်နေသော စစ်ကောင်စီ ထောက်တိုင် အကြမ်းဖက် အားပေးများ၊ စာရင်းကောက်သူများ၏ အမည်၊ အသက် ၊ အလုပ်အကိုင်၊ နေရပ် စသည်တို့ဖြင့် တိတိကျကျ မှတ်သားပြီး သတင်းပေးပို့ကြရန်လည်း တိုက်တွန်းထားသည်။

သတင်းပေးပို့သူ၏ ကိုရေးအချက်အလက် လုံခြုံရေးကို အထူးလျှို့ဝှက်ထားမည်ဟုလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

Facebook