Connect with us

Hi, what are you looking for?

News

KIA က စစ်​ကောင်စီ စခန်း နှစ်ခုကို သိမ်းပိုက်

ကချင် လွတ်​မြောက်​ရေးတပ်မ​တော်(KIA) က ဧပြီ ၁၉ ရက်တွင် အာဏာသိမ်းစစ်​ကောင်စီ၏ စခန်းနှစ်ခုကိုသိမ်းပိုက်ခဲ့​ကြောင်း KIAမှ အရာရှိတစ်ဦးက​ပြောသည်။

ကချင် လွတ်​မြောက်​ရေးတပ်မ​တော်(KIA) က ဧပြီ ၁၉ ရက်တွင် အာဏာသိမ်းစစ်​ကောင်စီ၏ စခန်းနှစ်ခုကိုသိမ်းပိုက်ခဲ့​ကြောင်း KIAမှ အရာရှိတစ်ဦးက​ပြောသည်။

ကချင်ပြည်နယ် အင်ဝမ်းယာန်အနီး လဂတ်​တောင်တွင်တပ်စွဲထား​သော အာဏာသိမ်းစစ်​ကောင်စီ၏ ခမရ (​ခြေမြန်တပ်ရင်း)၃၈၉ ကို KIAက ထိုးစစ်ဆင်တိုက်ခိုက်ရာ ဧပြီ ၁၉ ရက် ​ည ၁၂ နာရီတွင် သိမ်းပိုက်နိုင်ခဲ့သည်။

ထို့အပြင် တန်​ဂေါင်ဆု​တောင်း​တောင် တွင် အ​ခြေစိုက်​နေ​သော စစ်​ကောင်စီ၏ တပ်မ ၃၃ နှင့် ခလရ ၇၆ တို့၏ တပ်စခန်းကို KIA က ထိုးစစ်ဆင်တိုက်ခိုက်ပြီး ယမန်​နေ့ည​နေ ၆ နာရီ ၄၀ တွင်သိမ်းပိုက်နိုင်ခဲ့​ကြောင်း အထက်ပါအရာရှိက​ပြောသည်။

ဧပြီ ၁၉ ရက်တွင် KIA တပ်ဖွဲ့ဝင်များက ဆဒုံးအ​ခြေစိုက်ရဲစခန်း ၊ မဲခွဲရာအနီးလှုပ်ရှား​နေ​သော စစ်​ကောင်စီတပ်ဖွဲ့ဝင် ၆၀ ခန့် ၊မိုးညှင်းမှထွက်လာ​​သော စစ်ကားတစ်စီး ၊နမ်းမား မှ မြစ်ကြီးနားသို့ထွက်လာ​သော ​လေယာဥ်ဆီသယ် စစ်ကားနှစ်စီး တို့ကို တိုက်ခိုက်ခဲ့ပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များအကျအဆုံးများခဲ့​ကြောင်း KIA မှ အရာရှိတစ်ဦးက​ပြောသည် ။

Public Service Announcement

Public Service Announcement

ထိုအပြင် ဆီးဆတ်နှင့် ပန်​ခေါင်ယာန်ကြား စစ်​ကောင်စီ၏ ခမရ ၃၅၈ နှင့်
KIAတပ်ဖွဲ့ဝင်များကြားတိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များ ကျဆုံးမှုများခဲ့​ကြောင်း ၎င်းကဆက်​ပြောသည်။

ယခုအခါ ကချင်ပြည်နယ်ရှိ ​နေရာအနှံအပြားတွင် KIA က စစ်​ကောင်စီတပ်ဖွဲ့ဝင်များကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ၊ တပ်စခန်းမျာကို ဆက်တိုက်သိမ်း
ပိုက်​နေသည်။ တိုက်ပွဲများတွင် အာဏာသိမ်းစစ်​ကောင်စီ တပ်ဖွဲ့ဝင်များကျဆုံးမှုများပြား​လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်တို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က ခလရ(၄၇)တပ်ရင်းဘက်ကို အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို KIA ပူးပေါင်းတပ်ကလည်း အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁) ကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်ဒေသက တံတားကို အာဏာသိမ်းစစ်တပ်က တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ ရည်ရွယ်ချက်ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ပြီး ဗန်းမော်မြို့ကို ထိန်းချုပ်လို၍ ဖြစ်နိုင်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။